ကဏန်းတင်ပို့မှုအခြေအနေ

Wed, 03/30/2022 - 06:06 -- admin_ygn

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစားသုံးသူရေးရာဦးစီးဌာနစစ်တွေခရိုင်ပေါက်တောမြို့နယ်တာဝန်ခံဦးကျော်သိန်းအောင်နှင့်ငါးလုပ်ငန်းဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမောင်တင်တို့သည် မတ် ၈ရက် နံနက်၈နာရီခွဲတွင် ပေါက်တောမြို့အရှေ့ပိုင်း ရပ်ကွက်အတွင်း ရှိထူးချွန်ကဏန်းရောင်းဝယ်ရေးအဝယ်ဒိုင်သို့သွားရောက်ကာပိုင်ရှင်ဦးခိုင်ကျော်လှနှင့်တွေ့ဆုံကာကဏန်း တင်ပို့မှုနှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာထူးချွန်ကဏန်းရောင်းဝယ်ရေးအဝယ်ဒိုင်အနေဖြင့် ပြည်ပနိုင်ငံများသို့ကဏန်းတင်ပို့ခြင်းကို ၂၀၁၀ခုနှစ် ဇန်နဝါ ရီလမှစ၍ ဆောင်ရွက်လျက်ရှိသည်။ရေထွက်ပစ္စည်းများထုတ်လုပ်မှုမှာရေချို၊ ရေငန်၊ငါး၊ ပုစွန်ထုတ်လုပ်မှုအပြင်သဘာဝရေအရင်းအမြစ်ထဲမှနိုင်ငံခြားဝင်ငွေရှာပေးနေသည့်ကဏန်းတင်ပို့မှုမှာလည်းအဓိကအခန်းကဏ္ဍာမှပါဝင်နေပေသည်။ကမ္ဘာ့ပေါ်တွင်ကဏန်းရှစ်မျိုးရှိသည့် အနက်ကျွန်တော်တို့ပေါက်တောမြို့နယ်မှာတောရွှံ့ကဏန်းနှင့်ဒီရေတောကဏန်းနှစ်မျိုးသာအထွက်မျာသည်။ပေါက်တောမြို့နယ်ကဏန်းအဝယ်ဒိုင်များတွင်ကဏန်းရောင်းချလျှင်ရှယ်နှင့်(Joy)ဆိုပြီး နှစ်မျိုးခွဲခြားဝယ်ယူလေ့ရှိသည်။ ကဏန်းဝယ်ဈေး ၊ရောင်းဈေးသည် ဝယ်လို အားအပေါ်မူတည်ပြီးအတက်/အကျရှိပြီး၊ ယခုရက်၁၀ဝ-ဂရမ်အထက်အဆင့်(1kg) လျှင်ဈေးနှုန်း ကျပ်၃၀ဝ၀နှင့်၁၀ဝ-ဂရမ်အောက် (1kg)လျှင် ကျပ်၉၀ဝ ပေးဝယ်ရပြီး ဝယ်ယူရရှိသော ကဏန်းများကိုဒိုင်တွင်ထားပြီး ရန်ကုန်သို့ကားဖြင့်တင်ပို့ကြသည်။ကဏန်း များကို ရေငန် ထဲသို့တစ်နေ့နှစ်ကြိမ်၊တစ်ကြိမ်လျှင်ငါးမိနစ်ခန့်စိမ်ပေးရသည်။ဒေသအခေါ်တောရေကျွေးတယ်လို့ခေါ်သည်။ကဏန်း များကို ရေတစ်ခါကျွေးလျှင် ‌‌ခြောက်ရက်မှခုနစ်ရက်ထိခံနိုင်ရည်ရှိပြီးရန်ကုန်ဒိုင်အရောက် ၁၀ဝ-ဂရမ်အထက် (1kg)လျှင် ဈေးနှုန်း ကျပ် ၆၀ဝ၀ နှင့်၁၀ဝ-ဂရမ်အောက် (1kg)လျှင် ကျပ် ၁၆၀ဝထိရရှိ ကာကဏန်းတင်ပို့လုပ်ကိုင်သူများအနေဖြင့် အဆင်ပြေတွက်ခြေကိုက်သလို ကဏန်းရောင်းဝယ်တင်ပို့မှုလုပ်ငန်းသည် ကဏန်းကို သက်ရှိအတိုင်း ကိုင်တွယ်လုပ်ကိုင်ရသဖြင့် အမြတ်ကြီးသလိုအရှုံးကြမ်းသည့် လုပ်ငန်းမျိုးဖြစ် သည်။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်သည်ငါး၊ ပုစွန်၊ကဏန်းမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန်ရေမြေသဘာဝကောင်းမွန်ပြီး မြေလွတ်၊မြေရိုင်း၊မြစ်ချောင်းများပွားများခြင်း၊ရာသီဥတုမျှတခြင်း၊ကုန်ကြမ်းရရှိမှုလွယ်ကူခြင်း၊ရခိုင်ပြည်နယ်အတွက် အမယ်သစ် (Value added) ပြည်ပ ပို့ကုန် တိုးမြှင့်လာခြင်းများဖြစ်ပေါ်လာကာနိုင်ငံအကျိုးပြု၊ပြည်သူအကျိုးပြုကုန်ထုတ်လုပ်ငန်းများတိုးမြှင့်လာခြင်းတို့ကြောင့်ကဏန်းတင်ပို့ရောင်းချမှုလုပ်ငန်းအပြင်ငါး၊ပုစွန်သားပေါက်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင်သည့်အခွင့်အလမ်းများရရှိနိုင်ပါ၍ ပြည်တွင်း / ပြည် ပမှစီးပွားရေးလုပ်ငန်းရှင်များ၊ကုမ္ပဏီများအနေဖြင့်စိတ်ပါဝင်စားစွာရခိုင်ပြည်နယ်သို့လာရောက်ရင်းနှီးမြှုပ်နှံမှုများလုပ်ကိုင်ဆောင်ရွက်ပါကအလုပ်လက်မဲ့များအလုပ်အကိုင်အခွင့်အလမ်းရရှိကာစီးပွားရေးအကျိုးကျေးဇူးများခံစားနိုင်မည်ဖြစ်ပါကြောင်းလေ့လာတင်ပြအပ်ပါ သည်။

စားသုံးသူရေးရာဦးစီးဌာန၊(ပေါက်တောမြို့)

 

Border Trade News

Pages