ကဏန်းတင်ပို့မှုအခြေအနေ

Tue, 03/29/2022 - 09:44 -- admin_ygn

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူ ရေးရာဦးစီးဌာန စစ်တွေခရိုင် ပေါက်တောမြို့နယ် တာဝန်ခံ ဦးကျော်သိန်းအောင်နှင့် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်တင်တို့သည် မတ် ၈ ရက် နံနက် ၈နာရီခွဲတွင် ပေါက်တောမြို့ အရှေ့ပိုင်း ရပ်ကွက် အတွင်းရှိ ထူးချွန် ကဏန်းရောင်းဝယ်ရေး အဝယ်ဒိုင်သို့ သွားရောက်ကာ ပိုင်ရှင်ဦးခိုင်ကျော်လှနှင့် တွေ့ဆုံကာ ကဏန်းတင်ပို့မှုနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာ ထူးချွန် ကဏန်းရောင်းဝယ်ရေး အဝယ်ဒိုင်အနေဖြင့် ပြည်ပနိုင်ငံများ သို့ ကဏန်းတင်ပို့ခြင်းကို ၂၀၁၀ခုနှစ် ဇန်နဝါရီလမှစ၍ ဆောင်ရွက် လျက်ရှိသည်။ ရေထွက်ပစ္စည်းများ ထုတ်လုပ်မှုမှာ ရေချို၊ ရေငန်၊ ငါး၊ ပုစွန် ထုတ်လုပ်မှုအပြင် သဘာဝ ရေအရင်းအမြစ်ထဲမှ နိုင်ငံခြားဝင် ငွေ ရှာပေးနေသည့် ကဏန်းတင်ပို့မှု မှာလည်း အဓိကအခန်းကဏ္ဍာမှ ပါဝင်နေပေသည်။ ကမ္ဘာ့ပေါ်တွင် ကဏန်း ရှစ်မျိုးရှိသည့်အနက် ကျွန်တော်တို့ ပေါက်တောမြို့နယ်မှာ တောရွှံ့ကဏန်းနှင့် ဒီရေတော ကဏန်း နှစ်မျိုးသာ အထွက်များ သည်။ပေါက်တောမြို့နယ် ကဏန်းအဝယ်ဒိုင်များတွင် ကဏန်း ရောင်းချလျှင် ရှယ်နှင့်(Joy) ဆိုပြီး နှစ်မျိုးခွဲခြား ဝယ်ယူလေ့ရှိသည်။ ကဏန်းဝယ်ဈေး၊ ရောင်းဈေးသည် ဝယ်လိုအားအပေါ် မူတည်ပြီး အတက်/အကျရှိပြီး၊ ယခုရက် ၁၀ဝ-ဂရမ် အထက်အဆင့် (1kg) လျှင် ဈေးနှုန်း ကျပ်၃၀ဝ၀နှင့် ၁၀ဝ-ဂရမ်အောက် (1kg)လျှင် ကျပ်၉၀ဝ ပေးဝယ်ရပြီး ဝယ်ယူရရှိသော ကဏန်းများကို ဒိုင်တွင် ထားပြီး ရန်ကုန်သို့ ကားဖြင့် တင်ပို့ကြသည်။ ကဏန်းများကို ရေငန်ထဲသို့ တစ်နေ့ နှစ်ကြိမ်၊ တစ်ကြိမ်လျှင် ငါးမိနစ်ခန့် စိမ်ပေး ရသည်။ ဒေသအခေါ် တောရေကျွေးတယ်လို့ ခေါ်သည်။ ကဏန်း များကို ရေတစ်ခါကျွေးလျှင် ‌‌ခြောက်ရက်မှ ခုနစ်ရက်ထိ ခံနိုင်ရည်ရှိပြီး ရန်ကုန်ဒိုင်အရောက် ၁၀ဝ-ဂရမ်အထက် (1kg)လျှင် ဈေးနှုန်း ကျပ် ၆၀ဝ၀နှင့် ၁၀ဝ-ဂရမ်အောက် (1kg)လျှင် ကျပ် ၁၆၀ဝထိ ရရှိကာ ကဏန်းတင်ပို့ လုပ်ကိုင်သူများအနေဖြင့် အဆင်ပြေ တွက်ခြေကိုက် သလို ကဏန်းရောင်းဝယ် တင်ပို့မှုလုပ်ငန်းသည် ကဏန်းကို သက်ရှိ အတိုင်း ကိုင်တွယ်လုပ်ကိုင်ရသဖြင့် အမြတ်ကြီးသလို အရှုံးကြမ်းသည့် လုပ်ငန်းမျိုးဖြစ်သည်။    သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်သည် ငါး၊ ပုစွန်၊ ကဏန်း မွေးမြူရေး လုပ်ငန်း လုပ်ကိုင်ရန် ရေမြေသဘာဝ ကောင်းမွန်ပြီး မြေလွတ်၊ မြေရိုင်း၊ မြစ်ချောင်းများ ပွားများခြင်း၊ ရာသီဥတုမျှတခြင်း၊ ကုန်ကြမ်း ရရှိမှု လွယ်ကူခြင်း၊ ရခိုင်ပြည်နယ်အတွက် အမယ်သစ် (Value added) ပြည်ပပို့ကုန် တိုးမြှင့်လာခြင်းများ ဖြစ်ပေါ်လာကာ နိုင်ငံ အကျိုးပြု၊ ပြည်သူအကျိုးပြု ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်လာခြင်း တို့ကြောင့် ကဏန်းတင်ပို့ ရောင်းချမှု လုပ်ငန်းအပြင် ငါး၊ ပုစွန် သားပေါက် မွေးမြူရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်ပါ၍ ပြည်တွင်း/ ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် စိတ်ပါဝင်စားစွာ ရခိုင်ပြည် နယ်သို့ လာရောက် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ဆောင်ရွက်ပါက အလုပ်လက်မဲ့များ အလုပ်အကိုင် အခွင့်အလမ်းရရှိကာ စီးပွားရေး အကျိုးကျေးဇူးများ ခံစားနိုင်မည်ဖြစ်ပါကြောင်း လေ့လာတင်ပြ အပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊(ပေါက်တောမြို့)

 

Border Trade News

Pages