သစ်သီးဖျော်ရည်ကြောင့် ကင်ဆာဖြစ်မည့်အန္တရာယ် မြင့်မား

Wed, 07/17/2019 - 05:01 -- admin_ygn

        ဆိုဒါအချိုရည်က အဝလွန်မည့်အန္တရာယ်ရှိရုံမျှမက ကင်ဆာဖြစ်မည့်  အန္တရာယ်ပါရှိကြောင်း  လေ့လာချက်တစ်ခုအရ သိရကြောင်း ဘလွန်းဘတ်သတင်းတွင် ဖော်ပြသည်။ အကြမ်းဖျင်းအာဖြင့် ကုတ်ဘူးတစ်ဘူး၏ သုံးပုံ တစ်ပုံရှိသော ဆိုဒါ  ၃ ဒသမ ၄ အောင်စကို နေ့စဉ်သောက်သုံးပါက တချို့သော ကင်ဆာအမျိုးအစားကို ဖြစ်နိုင်သော အန္တရာယ် ၁၈ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း ဗြိတိသျှဆေးပညာဂျာနယ်တွင်ဖော်ပြသည်။ ရင်သားအကျိ တ်ဖြစ်နိုင်ခြေမှာ ပိုမိုမြင့်မားပြီး ၂၂ ရာ ခိုင်နှုန်းရှိသည်။ အချိုရည်မပါသောအသီးဖျော်ရည်ကို အလားတူပမာဏအတိုင်း သောက်သုံးပါက ကင်ဆာဖြစ်နိုင်ခြေ ပိုများ ကြောင်း သုတေသီများက တွေ့ရှိထားသည်။
         ယခုသုတေသနမှာ အာဟာရနှင့် ကျန်းမာရေးတို့၏ ဆက်သွယ်မှုကိုလေ့လာရန် ပြင်သစ်နိုင်ငံ၌ပြုလုပ်သော သုတေသန ကြီး၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အချိုရည်နှင့်ကင်ဆာဖြစ်ပွားမှုတို့၏ဆက်စပ်မှုကို ပထမဦးဆုံးေ ဖာ်ထုတ်သော သုတေသန ဖြစ်သည်။  သစ်သီးဖျော်ရည်များမှာ ကျန်းမာရေးအတွက် ကောင်းသည်ဟု ပြောနေကြသော်လည်း ယခုတွေ့ရှိချက်က သစ်သီးဖျော်ရည်၏ပုံရိပ်ကို ကျဆင်းစေသည်။ သုတေသီတို့က အဖျော်ယမကာ ၉၇ မျိုးနှင့် လူတို့ပြုပြင်သောအချိုရည်များကို သုတေသနပြုခဲ့ခြင်းဖြစ်ပြီး ကာဗိုနိတ် ပါသောဖျော်ရည်၊ အားကစားဖျော်ရည်၊ သကာရည်နှင့် သစ်သီးဖျော်ရည်တို့ပါဝင် သည်။ဆိုဒါထဲတွင်တွေ့ရသော ဖြည့်စွက်ပစ္စည်းနှင့် သစ်သီး တွင်ပါဝင်သော ပိုးသတ်ဆေးကြွင်းတို့ကြောင့်လည်း ထိခိုက်မှုဖြစ်နိုင်ကြောင်း စာတမ်းတွင်ဖော်ပြသည်။

 

စံမီအောင်

Local Trade News

Pages