လှောင်လက်သမားအဝယ်ရှိလာတဲ့ ပြည်ထောပတ်ပဲ

Tue, 05/07/2013 - 04:01 -- admin

ပြည်ပဲဈေးကွက်အတွင်း မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲကြီးစသဖြင့် ပဲမျိုးစုံ သီးနှံများ အရောင်းအဝယ်ဖြစ်လျက် ရှိရာ ထောပတ်ပဲသီးနှံဟာလည်း တစ်ခုအပါ အဝင်ဖြစ်ပါတယ်။ ပြည်ဈေးကွက်သို့ ဖေဖော်ဝါရီနောက်ဆုံးပတ်မှစပြီး၊ ထောပတ်ပဲ သစ်များဝင်ရောက်လာခဲ့ပြီး၊ တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ဈေးဖွင့်ဝယ်ယူခဲ့ကြပါတယ်။ ထောပတ်ပဲဟာ တိုင်းအတွင်း စားသုံးမှု ဖူလုံရုံသာရှိတာကြောင့် အခြားတိုင်းကို တင်ပို့နိုင်ခြင်းမရှိသလို တိုင်းအတွင်း အရောင်းအဝယ်ဖြစ်တဲ့ ပဲများဟာလည်း ဒေသတွင်းမှထွက်ရှိတဲ့ပဲများဖြစ်ပါတယ်။ ရွှေတောင်၊ ကျီးသဲမြို့နယ်များမှ အများဆုံး ဝင်ရောက်ခဲ့ပြီး၊ တစ်ရက်အိတ် ၁၀၀ ကျော် ဝင်ရောက်ခဲ့ပါတယ်။ လှောင်လက် သမားနဲ့ လက်လီသမားများအဝယ်ရှိတဲ့အတွက် တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ဈေးငြိမ် အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့သိရပါတယ်။
ခင်ဆွေဝင်း-ပြည်

Local Trade News

Pages