ရန်ကုန် ဝါးတန်းကုန်စည်ဒိုင်တွင် ဆန်အရောင်းအဝယ်ပုံမှန်ရှိနေ

Thu, 02/16/2017 - 05:19 -- admin_ygn

         ယခုတစ်ပတ် ဝါးတန်းဆန်စပါး ကုန်စည်ဒိုင်ရဲ့ဆန်လက်ကားဈေးနှုန်းများအရ ဆန်ချောအသစ်ဈေးငြိမ်ပြီး ဆန်ကြမ်းအသစ်နဲ့ အိတ်စ်ပို့ ၂၅ မှတ်ဆန်ဈေးအနည်းငယ် မြင့်တက်ခဲ့ကြောင်း သိရပါတယ်။  ဆန်ချောအသစ် များဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၀၀၀၀နဲ့ လတ်စ တစ်အိတ် ကျပ် ၂၉၀၀၀၊ ပုသိမ်/မောင်းမြ ပေါ် ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၂၀၀၀၊ လတ်စ တစ် အိတ်ကျပ် ၃၁၀၀၀၊ နယ်စုံကျိုက်လတ် ထိပ်စ တစ်အိ တ် ကျပ်၂၈၀၀၀၊ လတ်စတစ်အိတ် ကျပ် ၂၇၀၀၀၊ရွှေဘိုပေါ် ဆန်း  ဆန်တစ်အိတ်ကျပ် ၃၄၀၀၀  မှ ကျပ်၃၆၅၀၀ နဲ့ ယခင် တစ်ပတ်အတိုင်း  ဈေးငြိမ်နေပါတယ်။ ဆန်အဝင် ပုံမှန်ရှိပြီး ဝယ်လိုအားလည်း ပုံမှန်ရှိတာကြောင့်ဈေးလ ည်း ငြိမ်နေတာဖြစ်ပါတယ်။
         ဆန်ကြမ်းအသစ် ဧည့်မထကတော့ ထိပ်စတစ်အိတ် ကျပ်၁၈၀၀၀၊ လတ်စတစ်အိတ်ကျပ် ၁၇၀၀၀၊ နွေသီးထပ် ရှယ်တစ်အိတ်  ကျပ် ၁၉၀၀၀ မှ ကျပ် ၂၀၀၀၀၊ နွေဆန် ရက် ၉၀တစ်အိတ်ကျပ် ၁၉၅၀၀မှ ကျပ် ၂၁၀၀၀ ၊ မနော သုခတစ်အိတ် ကျပ် ၂၄၀၀၀ မှ ကျပ် ၂၅၀၀၀ဖြင့်ဈေးငြိမ် နေသော်လည်း အိတ်စ်ပို့ ၂၅ မှတ်ဆန်က တစ်အိတ်ကျပ် ၁၆၀၀၀မှကျပ် ၁၆၈၀၀၊ ဆန်ကြမ်းအသစ်ရှယ် တစ်အိတ် ကျပ်၁၇၅၀၀မှ ကျပ်၁၈၀၀၀နဲ့ဈေးအနည်းငယ်ြ မင့်တက် ပါတယ်။ သင်္ဘောတင်ကာလရှိတဲ့ရက်မှာ အဝယ်လိုက်တာကြောင့် ဈေးအနည်းငယ်မြင့်တက်လာသော်လည်း ဝယ်လိုအားကျဆင်းသွားတဲ့ အချိန်မှာ ပုံမှန်အတိုင်းအဝင် အထွက်ရှိပြီး ဈေးနှုန်းလည်း ပုံမှန်အတိုင်းရှိတယ် လို့ သိရ ပါတယ်။
         မူဆယ်ဆန်ဈေးကွက်မှာ တရုတ်နှစ်သစ်ကူးပွဲတော် ကာလပိတ်ရက်များဖြစ်နေတဲ့အတွက် တရုတ်ဆန်ကုန်သည်များ ဌာနေပြန်တာကြောင့် ကုန်စည်ဒိုင်များဖွင့်သော်လည်း အရောင်းအဝယ် ခပ်အေးအေးသာရှိနေကြောင်း နဲ့ ဆန်ဈေးနှုန်းလည်းပုံမှန်ရှိကြောင်းသိရပါတယ်။  စူပါနဲ့ မှော်ဘီ ဧည့်မထ ၅ မှတ်ဆန် တစ်အိတ် ၁၂၅ ယွမ်မှ ၁၂၇ယွမ်၊ ဧည့်မထ ၁၀ မှတ်တစ်အိတ် ၁၂၁ ယွမ်မှ၁၂၄ ယွမ်၊ ဧည့်မထ ၁၅ မှတ် တစ်အိတ် ၁၁၇ ယွမ်မှ ၁၁၉ ယွမ်၊ ဧည့်မထ ၂၅ မှတ်တစ်အိတ် ၁၁၄ ယွမ်မှ ၁၁၆ ယွမ်၊ ဧည့်မထ ၃၅မှတ်တစ်အိတ် ၁၀၉ ယွမ်မှ ယွမ် ၁၁၀၊ ငစိန် ၅မှတ်တစ်အိတ် ၁၂၁ ယွမ်မှ ၁၂၃ ယွမ်၊ ငစိန် ၁၅ မှတ်တစ်အိတ် ၁၁၇ ယွမ်မှ ယွမ် ၁၂၀၊ ငစိန် ၂၅မှတ်တစ် အိတ် ၁၁၅ ယွမ်မှ ၁၁၆ ယွမ်ရှိပါတယ်။  မြို့နယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ ဇန်နဝါရီ ၂ ရက်မှ ၈ ရက်အထိ ရက်သတ္တပတ်အတွင်း ဆန်တန်ချိန် ၁၆၄၀၉ ရှိပြီး ယခင် တစ်ပတ်အဝင်ထက် ၄၄၉ တန် ပိုမိုပါတယ်။ ဇန်နဝါရီ ၁၀ရက် ငွေ လဲနှုန်းအရ  တစ်ယွမ်ကို ၁၉၆ ကျပ် ဈေး ပေါက်ကြောင်း သိရှိရပါတယ်။

 

ယဉ်ယဉ်အေး