ရန်ကုန်တိုင်းဒေသကြီးရှိ MSMEလုပ်ငန်း ၁၀၀ ကို ချေးငွေ ထပ်မံထုတ်ပေးမည်

Thu, 09/05/2019 - 09:19 -- admin_ygn

      ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလားအလာ ရှိ သော အသေးစား၊ အလတ်စားနှင့် အငယ်စားလုပ်ငန်း (MSME) လုပ်ငန်းရှင် ၁၀၀ ကို ချေးငွေများ ထပ်မံထုတ်ပေး သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။ သြဂုတ် ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီရုံး၌ ပြုလုပ်သည့် သတင်းမီဒီယာ တွေ့ဆုံပွဲ တွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းရှင် ၁၀၀ ကို ရွေးထုတ်၍ ချေးငွေများ ထုတ်ချေးရာတွင် ခရီးသွားလုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်းနှင့် အိမ်တွင်းလက်မှုလုပ်ငန်းများကို ဦးစားပေး ထုတ်ချေးရန် စီစဉ်နေသည်ဟု ဆိုသည်။ “ဦးစားပေးလုပ်ငန်း ကတော့ ချက်ချင်းကိုပဲ အသေး စားကနေပြီးတော့ မြန်မြန်ချမ်းသာစေချင်တဲ့ လုပ်ငန်းတွေကို ရွေးလိုက်ပါဆိုပြီး ဝန်ကြီးချုပ်က လမ်းညွှန်ပါတယ်။ တချို့ လုပ်ငန်းတွေကလည်း တကယ့် အသေးစားအလတ်စား စက်မှု၊ လက်မှု လုပ်ငန်းတွေ ရှိတယ်။ လက်မှုလုပ်ငန်း၊ ပန်းပု၊ ယွန်း ထည်လုပ်ငန်း၊ အထူးသဖြင့်တော့ ခရီးသွားလုပ်ငန်း၊ ငါးမွေး မြူရေးလုပ်ငန်းတွေ၊ အိမ်တွင်းလက်မှု လုပ်ငန်းတွေ ပါတယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။

    အဆိုပါ MSME လုပ်ငန်းများ ချေးငွေရရှိရန် တိုင်း အစိုးရက ထောက်ခံပေးမည်ဖြစ်ပြီး ပြည်တွင်းဘဏ်များက ထုတ်ချေးပေးမည်ဖြစ်ကာ ယင်းလုပ်ငန်းရှင်များအနေဖြင့် ပေါင်နှံပစ္စည်း မပေးနိုင်ပါက အနည်းဆုံး ကျပ်သိန်း ၂၀၀ မှ အများဆုံး သိန်း ၅၀၀ အထိသာ ရရှိနိုင်မည်ဖြစ်ပြီး ပေါင်နှံ ပစ္စည်းပေးနိုင်ပါက အပေါင်ပစ္စည်းပေါ် မူတည်၍ အနည်း ဆုံး ကျပ်သိန်း ၂၀၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀၀ အထိ ချေးငွေရရှိနိုင်မည်ဖြစ်သည်ဟု ဆိုသည်။ ပြည်တွင်းဘဏ်များ၏ မူဝါဒအရ ချေးငွေများ ထုတ် ချေးရာတွင် ငွေချေးသူ၏ ပြန်ဆပ်နိုင်မည့် အင်အားပြသော စာရင်းဇယားများ၊ အထောက်အထားများ၊ ၎င်းလုပ်ငန်း၏ အောင်မြင်နိုင်မှု အခြေနေပေါ်မူတည်၍သာ ထုတ်ချေးေ ပး ခြင်းဖြစ်သည်။ ထို စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများကို ငွေစာရင်းသုံးစွဲမှုများ၊ စာရင်းဇယားများနှင့် ပတ်သက်၍ စနစ်တကျ ဖြစ်စေရန်အတွက် အသိပညာ ပေးမှုများကိုလည်း များစွာ လုပ်ဆောင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။  “ဘာကြောင့်လဲဆို မိသားစုစီးပွားရေးလိုမျိုး လုပ်တာ ဖြစ်တဲ့အတွက် စာရင်းအင်းတွေကို ပြုစုဆောင်ရွက်တဲ့နေရာ မှာ ချေးငွေတောင်းခံဖို့ ဆောင်ရွက်တဲ့ စာရင်းအင်းမျိုးအထိ မဖြစ်လာဖို့ ရှိပါတယ်။ ဒါမျိုးတွေကို စနစ်တကျ ဖြစ်လာဖို့ အတွက် ဆက်လက်ဆောင်ရွက်နေပါတယ်”ဟု ရန်ကုန်တိုင်း  ဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။

     ပထမအဆင့်အနေဖြင့် အလားအလာရှိသော အသေး စား၊ အလတ်စားလုပ်ငန်း ၁၀၀ ကို ရွေးချယ်၍ ချေးငွေရရှိရေး ဆောင်ရွက်ပေးခဲ့ရာ လက်ရှိတွင် လုပ်ငန်း ၄၀ ကျော်မှာ ချေးငွေ ရရှိပြီးဖြစ်ကာ ကျန် ၆၀ ခန့်မှာလည်း ချေးငွေ စိစစ်ရေး ကော် မတီက အတည်ပြုထားပြီဖြစ်သဖြင့် သက်ဆိုင်ရာဘဏ်များ နှင့် ချေးငွေရရှိရေးကို စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောသည်။ ဆက်လက်၍ ဒုတိယအဆင့်အနေဖြင့် အသေးစား အလတ်စားလုပ်ငန်း ၁၀၀ ကို ထပ်မံ ချေးပေးရန် လုပ်ဆောင် နေပြီး ယင်းတို့ကို အမြန်ဆုံး ထုတ်ချေးနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ပန်းဆု

Local Trade News

Pages