ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီ သုံးခုနီးပါးတိုးလာမည်

Fri, 12/13/2019 - 08:49 -- admin_ygn

    လာမည့် ၂၀၂၀ ပြည့်နှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင် ကုမ္ပဏီ သုံးခုနီးပါး ထပ်မံ တိုးလာမည် ဖြစ်ကြောင်း   မြန်မာနိုင်ငံ   ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ် ရေးကော်မရှင် (SECM) အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။ ဒီဇင်ဘာ ၅ ရက်က ရန်ကုန် စတော့အိတ်ချိန်းခန်းမတွင် ပြုလုပ် သည့် Media Workshop for Myanmar Capital Market  ဆွေးနွေးပွဲတွင် ယင်း သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ “နှစ်ဆန်းပိုင်းမှာ လာဖို့ရှိတယ်။ ရန်ကုန်စတော့အိတ်ချိန်းကို တက်ပြီ ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေအတွက် စိတ်ချ လက်ချ ရင်းနှီးမြှုပ်နှံနိုင်တဲ့ အခြေအနေ ရှိမှသာ အဆင်ပြေမှာဖြစ်ပါတယ်။ ဒါကြောင့် ကြီးကြပ်တဲ့ ကုမ္ပဏီတွေက လည်း စစ်ရတယ်၊ အချိန်ယူရတယ်။ ဥပဒေနဲ့မညီသေးဘူး၊ လိုက်နာရမယ့် အချက်တွေရှိနေရင် ပြန်လည် ပြင်ဆင် ဖို့ လုပ်ရပါတယ်”ဟု ဦးဌေးချွန်က ပြော သည်။

      SECM အနေဖြင့်   စာရင်းဝင် ကုမ္ပဏီများ တိုးမြှင့်လာရေး ဆောင်ရွက် ခြင်းများ၊ ရင်းနှီးမြှုပ်နှံသူများအတွက် ပညာပေး လုပ်ငန်းများစဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းများနှင့် အရင်းအနှီး ဈေးကွက်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပါဝင်လာစေရေး ဆောင်ရွက် ခြင်း  လုပ်ငန်းစဉ်များကို  ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း က ပြောသည်။ လက်ရှိ ရန်ကုန်စတော့အိတ် ချိန်းကို  First Myanmar Investment (FMI) ၊ Myanmar Thilawa SEZ Holidings Public (MTSH) ၊ မြန်မာ နိုင်ငံသားများဘဏ် (MCB)၊ ပထမ ပုဂ္ဂလိကဘဏ် (FPB) နှင့် TMH Telecom Public (TMH) စသည့် စာရင်းဝင် ကုမ္ပဏီငါးခုဖြင့် လုပ်ငန်းလည်ပတ်နေ ပြီး လွန်ခဲ့သည့်နှစ်လအတွင်းမှ စတင် ကာ   စတော့ရှယ်ယာဈေးကွက်မှာ အနည်းငယ်ကျဆင်းသွားခဲ့ကြောင်း သိရသည်။

    အဆိုပါ     စတော့ဈေးကွက်၌ လက်ရှိအချိန်တွင် စတော့ရှယ်ယာ ရောင်းဝယ်သူ စိတ်ဝင်စားမှု အများဆုံး အဖြစ်  First Myanmar Investment (FMI) ၊ Myanmar Thilawa SEZ Holidings Public (MTSH)  တို့က အဓိကရှယ် ယာရောင်းဝယ်မှု ပြုလုပ်လျက်ရှိပြီး ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက် တစ်ခုလုံး အတိုင်းအတာအရ တစ်ရက် လျှင် ရှယ်ယာ အရောင်းအဝယ် ပြုလုပ်မှု ပမာဏ  ကျပ်သန်း  ၉၀  မှ  ၁၀ဝ  ကြား အတွင်းရှိကြောင်း သိရသည်။ ရန်ကုန်စတော့အိတ်ချိန်း ဈေး ကွက် စတင်ချိန်မှ လက်ရှိ အချိန်အထိ သုံးနှစ်ခွဲကာလအတွင်း ရှယ်ယာ ရောင်း ဝယ်မှုပမာဏ  ၁၃  ဒသမ  ၆၃  သန်း၊ ငွေတန်ဖိုးအားဖြင့်  ကျပ်သန်း  ၁၃၇ ဘီလီယံ  အရောင်းအဝယ်  ဖြစ်ခဲ့ကာ လာမည့် ၂၀၂၀ ခုနှစ်အတွင်း၌လည်း ရန်ကုန်စတော့အိတ်ချိန်းတွင် အများ ပိုင် ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီ တစ်ခုအပါအဝင် ကုမ္ပဏီစုစုပေါင်း ငါးခုခန့်က ဝင်ရောက်လာနိုင်ရန် ပြင် ဆင်နေကြောင်း သိရသည်။ ထို့ပြင် ငွေချေး သက်သေခံလက် မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) က ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာ များအား နိုင်ငံခြားသားများ ဝယ်ယူနိုင် ကြောင်းကို ယခု ဇူလိုင် ၁၂ ရက်က ထုတ်ပြန်ကြေညာထားသည်။ ယင်း   အမိန့်ကြော်ငြာစာအရ နိုင်ငံခြားသားများသည်  မြန်မာနိုင်ငံ အတွင်း အမြဲနေထိုင်ခွင့် ရရှိသူဖြစ်စေ၊ အမြဲနေထိုင်ခွင့် မရရှိသူဖြစ်စေ ငွေချေး သက်သေခံ လက်မှတ်စာရင်းများကို မည်သည့် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီတွင်မဆို ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး အဆိုပါ စာရင်းမှတစ်ဆင့် ရန်ကုန် စတော့အိတ်ချိန်း စာရင်းဝင်ရှယ်ယာ များကို ရင်းနှီးမြှုပ်နှံနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ  ရင်းနှီးမြှုပ်နှံမှု၌ နိုင်ငံခြား သား ရှယ်ယာပါဝင်မှုကို ၃၅ ရာခိုင်နှုန်း ထိ ခွင့်ပြုထားကြောင်း သိရသည်။

 

ပန်းဆု

Local Trade News

Pages