ယခု ဘဏ္ဍာနှစ် လေးလတာကာလအတွင်း ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံရရှိသည့် အနက်လယ်ယာထွက်ကုန်ပစ္စည်းမှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရရှိ

Tue, 08/08/2017 - 07:29 -- admin_ygn

        မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မဟာဗျူဟာမြောက် ကုန်သွယ်မှု လမ်းကြောင်းတွင် တည်ရှိလျက် ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် နိုင်ငံရှိ ပေါကြွယ်ဝလှသည့် အရင်းအမြစ်များကို ရယူသုံး စွဲနိုင်မှုမှာလည်း နိုင်ငံဘက်စုံ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် မိမိတို့နိုင်ငံမှ ခံစားရရှိနေသည့် ထပ်ဆောင်း အကျိုးကျေးဇူးများ ဖြစ်ပါတယ်။ ပေါကြွယ်၀ လှသည့် အရင်းအမြစ် များစွာတို့အနက် လယ်ယာမြေ ပေါကြွယ်ဝမှုသည် စိုက်ပျိုးရေး အခြေခံသည့် မြန်မာနိုင်ငံအတွက် ဆန်နှင့်လယ်ယာထွက်ပစ္စည်းများ ပြည်ပတင်ပို့မှုကို အားကောင်းစေသည့် တွန်းအားတစ်ရပ်လည်းဖြစ်ပါတယ်။ ပို့ကုန် တင်ပို့မှုကဏ္ဍတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီလမှ ဇူ လိုင် လ ၂၈) ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ တင်ပို့နိုင်ပြီး လယ်ယာထွက်ကုန် ပစ္စည်းများ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရှိတဲ့အတွက် ပို့ကုန် တင်ပို့မှုရဲ့ ၂၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရပါတယ်။ လယ်ယာထွက်ကုန် ပစ္စည်းများအနက်မှ အများဆုံး တင်ပို့လျက်ရှိ သည့် ပို့ကုန်ပစ္စည်းများမှာ ဆန်နှင့်ဆန်ကွဲ၊ ပဲအမျိုးမျိုး၊ ပြောင်း၊ ရော်ဘာတို့ဖြစ်ပါတယ်။ အဆိုပါ လယ်ယာထွက်ကုန် ပို့ ကုန်ပစ္စည်းများသည် မြန်မာ နိုင်ငံ ပို့ကုန်ကဏ္ဍ တိုးမြှင့်ရေးအတွက်များစွာ အထောက်အပံ့ပြုသည့် ပစ္စည်းအမယ်များဖြစ်သည့်အတွက် ဆန်နှင့်ဆန်ကွဲ၊ ပဲအမျိုးမျိုး၊ ပြောင်း၊ရော်ဘာတို့၏ ပြည်ပသို့ တင်ပို့နိုင်မှုအနေအထား၊ ကမ္ဘာ့ ဝယ်လိုအား/ရောင်းလိုအား၊ Potential ရရှိနိုင်မှု အနေအထားများနှင့် ပတ်သက်၍ ပစ္စည်းတစ်မယ်ချင်းအပေါ်တွင် အောက်ပါအတိုင်း  လေ့လာသုံးသပ်ရခြင်း ဖြစ်ပါတယ်။

ဆန်နှင့်ဆန်ကွဲ တင်ပို့မှု အခြေအနေ
      မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်ပ နိုင်ငံများသို့ အဓိကတင်ပို့နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုသည် လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှု အနက်အများဆုံး တင်ပို့နိုင် ခဲ့ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် (ဧပြီလ မှ မတ်လ အထိ) ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၅၄ သန်း၊ တန်ချိန်အားဖြင့် ၁၇ သိန်းကျော်ဖြစ်သဖြင့် လယ်ယာ ကဏ္ဍ တင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းခန့်ရှိပြီး ပို့ကုန်ကဏ္ဍတစ်ခုလုံး၏ ငါးရာခိုင်နှုန်းခန့်ရှိကြောင်း သိရပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီလ မှ ဇူလိုင်လ၂၈ ရက်နေ့ထိ)ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှုမှာ တန်ချိန် ကိုးသိန်းကျော်၊ တန်ဖိုး အမေရိကန်ေ ဒါ်လာ၂၇၆ သန်းရရှိခဲ့ပါတယ်။ ယခင်နှစ် ကာလတူ ထက် တန်ချိန်ငါးသိန်းကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၀ သန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ အများဆုံးတင်ပို့သည့်နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံ တို့ ဖြစ်ပါတယ်။ USDA စာရင်းအချက်အလက်များအရ ကမ္ဘာ့ဆန် ကုန်သွယ်မှု ကဏ္ဍကို လေ့လာကြည့်ပါက ဆန်အများဆုံးတင်ပို့တဲ့ နိုင်ငံများမှာ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန်နိုင်ငံတို့ဖြစ်ပြီး မြန်မာနိုင်ငံ သည် ပဉ္ဒမြေ မာက် အများဆုံး ဆန်တင်ပို့တဲ့နိုင်ငံဖြစ်ပါတယ်။ ပြည်ပမှ အများဆုံးတင်သွင်းလျက်ရှိသည့် နိုင်ငံများမှာ တရုတ်၊ နိုင်ဂျီးရီးယား၊ ဥရောပနိုင်ငံများနှင့် ဖိလစ်ပိုင်နိုင်ငံတို့ဖြစ်ပြီး ဘရာဇီး၊  တရုတ်နှင့် ဥရောပနိုင်ငံများဟာ တင်ပို့မှုရော တင်သွင်းမှုကိုပါ ဆောင် ရွက်လျက်ရှိတဲ့နိုင်ငံများ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံလည်းဖြစ် Logistic ပိုင်းတွင်လည်း အားသာချက်များရှိသည့် တရုတ်နိုင်ငံနှင့် မြန်မာ့ထွက် ကုန်များကို အလေးထား စိတ်ဝင်စား မှု ပိုမိုလာသည့် ဥရောပနိုင်ငံများ ၏ ဆန်ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ပါက အကျိုးရလဒ် ကောင်းများ ထွက်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။

ပဲမျိုးစုံတင်ပို့မှု အခြေအနေ
         မြန်မာနိုင်ငံအနေဖြင့် ပဲမျိုးစုံ ပြည်ပသို့ တင်ပို့မှုကို လေ့လာ ကြည့်မည်ဆိုပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၄ သိန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ နီးပါး တင်ပို့ နိုင်ခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီလမှ ဇူလိုင်လ ၂၈ ရက်နေ့ထိ) တန်ချိန် ခြောက်သိန်းကျော်၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၄၈၄ သန်း တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် တန်ချိန်အားဖြင့် သုံးသောင်းကျော်ခန့်  ပိုမိုပြီး တန်ဖိုးအမေရိ ကန်ဒေါ်လာ၂၅၄ သန်း လျော့နည်းနေတာကို တွေ့ရှိရပါတယ်။ ယခင်နှစ်က ပဲမျိုးစုံပျမ်းမျှ ဈေးနှုန်းသည် တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၁၁၀၀-၁၂၀၀ ဝန်းကျင်ခန့် ဈေးရရှိခဲ့သော်လည်း ယခုနှစ်တွင် ပျမ်းမျှဈေးနှုန်း အမေရိက န်ဒေါ်လာ  ၈၀၀-၉၀၀ ဝန်းကျင် ခန့်သာ ဈေးနှုန်းလျော့နည်း ရရှိကြောင်း တွေ့ရှိရပါတယ်။ ယခု ဘဏ္ဍာနှစ် ( ဧပြီလမှ  ဇူလိုင်လ ၂၈ ရက်နေ့ထိ) ကာလ အတွင်း မြန်မာနိုင်ငံမှ အများဆုံးတင်ပို့လျက်ရှိသည့် မတ်ပဲ တန်ချိန်  ၂ ဒသ မ ၅ သိန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာ  ၁၉၉ သန်းရှိပြီး၊ ဒုတိယ အများဆုံးအနေဖြင့် ပဲတီစိမ်း တန်ချိန် ၁ ဒသမ ၇ သိန်း၊ တန်ဖိုး အမေ ရိကန် ဒေါ်လာ ၁၃၇ သန်းဖြစ်ကြောင်း၊ တတိယ အများဆုံးအနေဖြင့်  ပဲစင်းငုံ တန်ချိန် ၁ ဒသမ ၄ သိန်း၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၇၃ သန်း တင်ပို့နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ကုလားပဲ တင်ပို့မှုကို လေ့လာကြည့်ပါက ယခုဘဏ္ဍာနှစ်တွင် တန်ချိန် သုံးသောင်း ခန့်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄ သန်း ခန့်တင်ပို့နိုင်ခဲ့ပြီး ယခင် ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် တစ်သောင်းကျော်၊ တန်ဖိုးအမေ ရိကန် ဒေါ်လာ  ၁၂ သန်း ပိုမိုတင်ပို့နိုင်ခဲ့တာကို လေ့လာတွေ့ရှိရ ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပဲမျိုးစုံ အများဆုံး တင်ပို့လျက်ရှိသည့် နိုင်ငံများမှာ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ပါကစ္စတန်၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ ဖြစ်ပါတယ်။

ပြောင်းတင်ပို့မှု အခြေအနေ
       မြန်မာနိုင်ငံ၏ ပြောင်းတင်ပို့မှုအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ် (ဧပြီလ ၁ ရက်မှ ဇူလိုင်လ၂၈ရက်ထိ) ပင်လယ်ရေကြောင်းမှ တန်ချိန် သုံးသောင်းခွဲခန့်နှင့် နယ်စပ်ကုန်သွယ်မှုမှတန်ချိန် သုံးသိန်း ကျော်တင်ပို့နိုင်ခဲ့ပြီး ပြော င်းတင်ပို့မှု၏  ၇၅ ရာခိုင်နှုန်းဟာ  မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု၏ အဓိကလမ်းကြောင်းဖြစ်သည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်း တို့မှ တင်ပို့လျက်ရှိပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင် လအတွင်း မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ရက်လျှင် ပျမ်းမျှပြောင်း ကားစီးရေ  ၁၀၅ စီး၊ တန်ချိန်  ၁၄၀၂၀ ခန့်၊ ချင်းရွှေဟော်စခန်းမှ တစ်ရက်လျှင် ပျမ်းမျှ ပြောင်း ကားစီးရေ ခုနစ်စီး၊ တန်ချိန် ၁၂၀ ခန့်တို့ကို တရုတ်နိုင် ငံသို့ တင်ပို့လျက်ရှိပြီး လက်ရှိ ပြောင်းတစ်တန် ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၀၀ ခန့်ရရှိကြောင်း စုံစမ်းသိရှိရပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း မြန်မာနိုင်ငံမှ ပြောင်းအများ ဆုံး တင်ပို့လျက်ရှိသည့် နိုင်ငံသုံးနိုင်ငံမှာ တရုတ်၊ ထိုင်းနှင့် အိန္ဒိယ နိုင်ငံတို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြောင်းတင်ပို့မှု အနေအထားဟာ ကမ္ဘာ့ပြောင်းတင်ပို့မှုရဲ့ သုည ဒသမ ၁ ရာခိုင်နှုန်းသာ ပြည်ပသို့ တင်ပို့နိုင်သည်ကို တွေ့ရှိ ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အေ နဖြင့် ပြောင်းတင်ပို့မှုနှင့် ပတ်သက်၍ နိုင်ငံတကာ  ဈေးကွက်သို့  ယှဉ်ပြိုင် ထိုးဖောက်နိုင်ရေးအတွက်အရည်အသွေးပိုင်း၊ နည်းပညာပိုင်း လိုအပ်ချက်များ ရှိနေသော်လည်း ကမ္ဘာ့ပြောင်း ဝယ်လိုအား အခြေအနေအရ မိမိနိုင်ငံအ တွက် Potential ၉၉ဒသမ၉ ရာခိုင်နှုန်းတင်ပို့နိုင်သည့် အားသာချက်ရှိနေသည်ကို လေ့လာသုံးသပ် တွေ့ရှိရပါတယ်။

ရော်ဘာတင်ပို့မှု အခြေအနေ
          ပြည်ပသို့ ဘဏ္ဍာနှစ်အလိုက် ရော်ဘာ နှစ်စဉ် ပိုမိုတင်ပို့လျက် ရှိကြောင်း စာရင်းများအရ သိရှိရပါတယ်။ မြန်မာနိုင်ငံ၏   ရော်ဘာတင်ပို့မှုအနေဖြင့်  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ( ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၂၈ ရက်ထိ) ပင် လယ်ရေ ကြောင်းမှ တန်ချိန် တစ်သောင်း၊ နယ်စပ်ကုန်သွယ်မှုမှ တန်ချိန်သုံးသောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း၊ ရော်ဘာ တင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု၏ အဓိက လမ်းကြောင်းဖြစ်သည့် မူဆ ယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်း ရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှဖြစ်ကြောင်း လေ့လာတွေ့ရှိရပါ တယ်။ ၂၀၁၇ ခုနှစ်၊ ဇွန်လအတွင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်မှ တစ်ရက်လျှင် ပျမ်းမျှရော်ဘာ ကားစီးရေ ငါး စီး၊ ၇၅ တန်ခန့်၊ ချင်းရွှေဟော်စခန်းမှ တစ်ရက်လျှင် ပျမ်းမျှရော်ဘာ ကားစီးရေ ၂ စီး၊ တန်ချိန် ၃၀ တို့ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခုနှစ်မှာ နိုင်ငံပေါင်း ခြောက်နိုင်ငံသို့ ရော်ဘာအများဆုံး တင်ပို့လျက်ရှိပြီး အများဆုံး တင် ပို့လျက်ရှိသည့် နိုင်ငံသုံးနိုင်ငံမှာ တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ဖြစ်ပါတယ်။ ရော်ဘာ တင်ပို့သည့် နိုင်ငံပေါင်း ၉၀ အနက် အာရှနိုင်ငံများမှ တင်ပို့မှုသည် ၈၀ ရာခိုင်နှုန်း ခန့်ရှိပြီး အာဖရိက ရော်ဘာ တင်ပို့သူ များမှ ၈ဒသမ ၅ ရာခိုင်နှုန်းခန့် တင်ပို့သည်ကို တွေ့ရှိသဖြင့် မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဈေးကွက်တွင် ၁ ဒသမ ၆ ရာခိုင်နှုန်းသာ တင်ပို့နိုင်သေးကြောင်း သိရှိရပါတယ်။ ကမ္ဘာ့ရော်ဘာ ဝယ်လိုအားအခြေအနေကို လေ့လာကြည့် မည် ဆိုပါက ကမ္ဘာ့ရော်ဘာ တင်သွင်းလျက်ရှိသည့် နိုင်ငံပေါင်း ၁၆၉ နိုင်ငံ ရှိပြီး ကမ္ဘာ့ရော်ဘာ တင်သွင်းမှုအများဆုံး နိုင်ငံများမှာ တရုတ်၊ အမေရိကန်၊ မလေးရှား၊ ဂျပန်၊ အိန္ဒိယ၊ ကိုရီးယားနိုင်ငံများဖြစ်သဖြင့် မြန်မာနိုင်ငံ ရော်ဘာဈေးကွက်အား လက်ရှိတင်ပို့လျက်ရှိသည့် တရုတ်နိုင်ငံအပြင် ဈေးကွက်သစ်များ  ထပ်မံရရှိရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှစ်ရပ် ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
         အချုပ်အားဖြင့် မြန်မာနိုင်ငံ လယ်ယာကဏ္ဍထွက် ကုန်ပစ္စည်းများ ပိုမိုတင်ပို့ နိုင်ရေးအတွက် နိုင်ငံ၏ ပထဝီအနေအထား၊ သဘာဝသယံဇာတ ကြွယ်ဝမှုအားသာချက် အကျိုးရလဒ်များရှိသော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံ ၏ လိုအပ်ချက်များကြောင့် စိန်ခေါ်မှု များစွာ ရင်ဆိုင်ကြုံတွေ့ရမှာ   ဖြစ်ပါတယ်။   စိန်ခေါ်မှုများအနက်  မျိုးစေ့ ကောင်းမွန်ရေး၊ သွင်းအားစု၊ ကြိတ်ခွဲမှုစနစ်၊ ထုတ်လုပ်မှု ကုန်ကျ စရိတ်၊ ခေတ်မီ နည်းပညာများနဲ့ လိုက်လျောညီေ ထွမှု ရှိခြင်း၊ သယ်ယူ ပို့ဆောင်မှုစနစ်၊ လမ်းပန်း ဆက်သွယ်ရေး၊ ငွေကြေးကုန်ကျစရိတ် မပြည့်စုံခြင်း၊ ချေးငွေရရှိမှု မထိရောက်ခြင်း မမျှတခြင်းတို့အပြင် ပြည်ပသို့ တင်ပို့ရာတွင်လည်း ဆိပ်ကမ်းဝန်ဆောင်မှု အခက်အခဲများ နှင့် အစိုးရဌာနအချို့၏ လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်ဆောင်မှုများ စသဖြင့် များစွာသော စိန်ခေါ်မှုများ ရှိနေဆဲပင် ဖြစ်ပါတယ်။

 

ရှင်မင်းအံံ့ (တန့်ဆည်)

Local Trade News

Pages