ဆိပ်ဖြူကုန်စည်ဒိုင်၌မိုးကြက်သွန်နီ(အသစ်)ဈေးနှုန်းဈေးကွက်နှင့်ကုန်စည်စီးဆင်းမှုအခြေအနေ

Tue, 01/16/2024 - 05:05 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် ဇန်နဝါရီလဆန်းပိုင်းမှစတင်၍ မိုးကြက်သွန်နီ(အသစ်)များ လှိုင်လှိုင်တူးဖော်လျက်ရှိပြီး ကြက်သွန်နီစိုက်ပျိုးမှုများသော ဆိပ်ဖြူမြို့၊ ပေါ်လေးရပ်ကွက်နှင့် ရေလယ်ကျွန်း၊ တောင်ကလုံး၊ ကိုးတောင့်၊ မြင်ကဝ၊ အောက်ဆိပ်ကျေးရွာများ မှ ထွက်ရှိသော ကြက်သွန်နီ(အသစ်)များမှာ ဇန်နဝါရီလ(ပထမပတ်)တွင် ဆိပ်ဖြူကုန်စည်ဒိုင်သို့ တစ်ရက်လျှင် ကုန်ချိန်ပိဿာ (၄)သောင်းခန့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ တစ်ပတ်အတွင်း စုစုပေါင်း ကုန်ချိန်ပိဿာ (၃)သိန်းခန့်ဝင်ရောက်လျက်ရှိကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

   ဆိပ်ဖြူကုန်စည်ဒိုင်ရှိ ကြက်သွန်နီဈေးနှုန်းများအနေဖြင့် ဇန်နဝါရီလ(ပထမပတ်)တွင် မိုး ကြက်သွန်နီ(အသစ်) တစ်ပိဿာလျှင် ထိပ်စ(အမြင့်ဈေး) ကျပ် ၂,၄၇၅၊ အလတ်စကျပ် ၂,၃၀၀၊ အသေးစကျပ် ၁,၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

   ဇန်နဝါရီလ(ပထမပတ်)အတွင်း မိုးကြက်သွန်နီ(အသစ်)အနေဖြင့် ဆိပ်ဖြူမြို့မှ ရန်ကုန်မြို့ (ဘုရင့်နောင်)၊ ပြည်မြို့၊ ပုသိမ်မြို့နှင့် မြဝတီမြို့များသို့ တင်ပို့လျက်ရှိပြီး ကြက်သွန်နီကုန်ချိန် ပိဿာ (၄)သိန်းခန့်၊ တန်ချိန်အားဖြင့် (၆၅၃)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်မှ သိရှိရသည်။

   DOCA (မကွေး)

Local Trade News

Pages