ပခုက္ကူကုန်စည်ဒိုင်၌ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းဈေးကွက်

Thu, 01/18/2024 - 06:53 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်သို့ ရေစကြို၊ ပခုက္ကူ (ကျွန်း)နှင့် ပေါက်နယ်ဒေသများမှ ထွက်ရှိသော မိုးစိုက် (ဥစိုက်) ကြက်သွန်နီများ အများအပြားဝင်ရောက်လျက် ရှိကြောင်း၊ ပခုက္ကူကုန်စည်ဒိုင်၌ ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ မိုးစိုက် (ဥစိုက်) ဒိုင်ပြတ် လက်ကား ဈေးနှုန်းများ အနေဖြင့် ဇန်နဝါရီလ ပထမပတ်တွင် ကြက်သွန်နီထိပ်စ တစ်ပိဿာလျှင် ကျပ် ၂၆၀၀၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၂၃၀၀၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် ၂၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဇန်နဝါရီလ ဒုတိယပတ်တွင် ကြက်သွန်နီထိပ်စ တစ်ပိဿာလျှင် ကျပ် ၂၃၅၀-၂၅၀၀ ၊ အလတ်စတစ်ပိဿာလျှင် ကျပ် ၂၃၀၀-၂၀၀၀၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် ၂၀၀၀-၁၈၀၀ ဖြင့် တစ်ပိဿာလျှင် ကျပ် ၁၀၀-၁၅၀ အနည်းငယ်ကျဆင်း၍ တစ်ရက်လျှင် ကုန်ချိန် ပိဿာ ၁၀၀၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

   ပခုက္ကူကုန်စည်ဒိုင်၌ ဇန်နဝါရီလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်း များမှာယောနယ်(ပေါက်)ဒေသထွက် ကြက်သွန်နီထိပ်စ တစ်ပိဿာလျှင် ကျပ် ၂,၅၀၀၊ အလတ်စ တစ်ပိဿာလျှင်ကျပ်၂၀၀၀၊အနိမ့်စတစ်ပိဿာလျှင်ကျပ်၁၈၀၀ များဖြင့်တစ်ရက်လျှင်ကုန်ချိန်ပိဿာ ၁၀၀၀၀ မှ ၅၀၀၀၀ အထိလည်းကောင်း၊ ရေစကြို(ကျွန်း)နှင့်ပခုက္ကူ(ကျွန်း) ထိပ်စ တစ်ပိဿာလျှင် ကျပ် ၂၃၀၀၊ အလတ်စတစ်ပိဿာလျှင်ကျပ် ၁၉၀၀၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် ၁,၇၀၀ ဖြင့် တစ်ရက်လျှင်ကုန်ချိန်ပိဿာ ၅၀၀၀၀ မှ ၁၅၀၀၀၀ ကျော်ဖြင့်လည်းကောင်း ဝင်ရောက်၍ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်(ဘုရင့်နောင်)နှင့် မြန်မာပြည်အနှံ့အပြားသို့ တင်ပို့လျက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages