အထက်မင်းလှမြို့နယ်ရှိ ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Thu, 01/18/2024 - 06:51 -- mocadmin

   မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းရေရှားရပ်ဝန်းပိုင်းတွင် တည်ရှိပြီး ရေမြေရာသီဥတုအခြေအနေအရ စပါးစိုက်ဧကနည်းပြီး ယာသီးနှံများကို အဓိကထားစိုက်ပျိုးကြ ကြောင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်ရှိ တောင်သူများသည် ကုလားပဲ၊ မြေပဲတို့နှင့်အတူ ဆောင်းနေကြာကိုလည်း သီးညှပ်အဖြစ်လည်းကောင်း၊ သီးထပ်အဖြစ်လည်း ကောင်းစိုက်ပျိုးကြ ကြောင်း၊ အထက်မင်းလှမြို့နယ်အတွင်း ဆောင်းနေကြာ ၄,၇၀၀ ဧကကျော် စိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

   စိုက်ပျိုးမှုအနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး ၃ လခွဲအကြာတွင် ခူးဆွတ်ရကြောင်း၊ သီးညှပ်စိုက် ပျိုးရာတွင် ကျဲပက်စနစ်ဖြင့် စိုက်ပျိုးကြပြီး သီးထပ်စိုက်ပျိုးရာတွင် ထွန်တုံးဖြင့် ထွန်ကြောင်းဆွဲကာ မျိုးစေ့ချ၍ စိုက်ပျိုးကြကြောင်း၊ နေကြာစိုက်တောင်သူများအနေဖြင့် နေကြာမျိုးကို ယခင်နှစ်က ထွက်ရှိသော နေကြာပန်းမှမျိုးစေ့ကို ဖယ်ချန်၍ ပြန်လည်စိုက်ပျိုး ကြသကဲ့သို့ အထက်မင်းလှမြို့ နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာစိုက်ဧက ၁,၅၀၀ ဧကအတွက် နေကြာမျိုးစေ့များ အခမဲ့ဖြန့်ဝေပေး ခြင်းမှရရှိ၍လည်း စိုက်ပျိုးကြပါကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုးဖိုး၊ စိုက်ခ၊ မြေပြင်ခ၊ လုပ်သား ခနှင့် အခြားသွင်းအားစု စရိတ်အပါအဝင် တစ်ဧကလျှင် စုစုပေါင်းကုန်ကျစရိတ်မှာ ယခင်နှစ်နည်း တူ ကျပ် ၁၀၀,၀၀၀ ခန့်ကုန်ကျကြောင်း၊ ယခုအချိန်တွင် ဆီထွက်သီးနှံဖြစ်သော နေကြာသီးနှံ စိုက်ခင်းများသည် အထက်မင်းလှမြို့နယ်၌ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

DOCA (မကွေး)

Local Trade News

Pages