မကွေးခရိုင်၊ ပုထိုးစမ်းကျေးရွာတွင် မိုးပဲလွန်းများ စိုက်ပျိုးလျက်ရှိ

Mon, 08/12/2024 - 07:27 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကြီးကန် ကျေးရွာအုပ်စုရှိ ပုထိုးစမ်း ကျေးရွာတွင် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံသီးနှံများကို စိုက်ပျိုးကြပြီး မိုးပဲလွန်းသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ မိုးပဲလွန်းကို သြဂုတ်လ၊ လဆန်းပိုင်းတွင် စတင်စိုက်ပျိုးလျက်ရှိပြီး တောင်သူ ၅၀ ဦးမှ ၁၅၀၀ ဧက နီးပါးခန့် စိုက်ပျိုးထားရှိကြောင်း သိရ သည်။

   မိုးပဲလွန်း စိုက်ပျိုးမှုအနေဖြင့် မျိုးကို ယခင်နှစ်ကမျိုးကောင်းမျိုးသန့်အဖြစ် ဖယ်ချန်ထား သော မိုးပဲလွန်းစေ့များကို ကြဲပက်စနစ်ဖြင့် ပြန်လည်စိုက်ပျိုးရခြင်းဖြစ်ပြီး တစ်ဧကလျှင် မျိုး ၈ ပြည်ခန့် ကုန်ကျ၍ နှစ်လခွဲခန့်အကြာတွင် ရိတ်သိမ်းနိုင်ကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ မြေပြုပြင်ခ၊ မြေဩဇာနှင့် လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ကျပ် ၁၅၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် ယခင်နှစ်က တစ်ဧကလျှင် ၁၂ တင်းခန့် ထွက်ရှိပြီး မိုးပဲလွန်း တစ်တင်းလျှင် ကျပ် ၆၅,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ တောင်သူများ အကျိုးအမြတ် အနေဖြင့် ငွေကျပ် ၆၃၀,၀၀၀ ခန့်ရရှိခဲ့ပြီး ဈေးကွက်အနေဖြင့် မကွေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင်လည်း အထွက်နှုန်း ကောင်းမွန်ပါက ထိုက်သင့် သည့် အကျိုးအမြတ်များ ရရှိနိုင်ကြောင်း မိုးပဲလွန်းစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages