ယခု ဘဏ္ဍာနှစ် ကိုးလအတွင်း ITC ကတ်ဖြင့် ကျပ်သိန်းလေးသောင်းခုနစ်ထောင်ကျော် ကုန်သွယ်ထား

Thu, 07/11/2019 - 06:47 -- admin_ygn

     ယခု ဘဏ္ဍာနှစ်ကိုးလအတွင်း တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်လက်မှတ် (ITC) ကတ်ဖြင့်ကျပ်သိန်း လေးသောင်း ခုနစ်ထောင်ကျော် ကုန်သွယ်ထားကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။ ကုန်သွယ်ထားမှုပြုထားသည့်စာရင်းအရ ပို့ကုန်တန်ဖိုး ကျပ်သိန်းခုနစ်ထောင်ကျော်၊ သွင်းကုန်တန်ဖိုး ကျပ်သိန်းလေး သောင်းခန့်ရှိကြောင်း ယင်းဝန်ကြီးဌာနလက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဇူလိုင် ၄ ရက်တွင် ပြောသည်။
     "၂၀၁၆ ခုနှစ်ကတည်းက ဒီကတ်တွေ  စထုတ်ပေးပြီး တော့ ကုန်သွယ်ခွင့်ပြုခဲ့တာ။ ဒီကတ်နဲ့ကုန်သွယ်ခွင့်ပေးတာက တရားမဝင်ကုန်သွယ်မှု ပပျောက်အောင်ဆောင်ရွက်တာလည်းဖြစ်တယ်"ဟု ဦးခင်မောင်လွင်ကပြော သည်။ အဆိုပါကတ်သည် နယ်စပ်ဒေသများတွင် ဒေသသုံးအနေဖြင့် ကုန်ပစ္စည်းများကို တစ်ပိုင်တစ်နိုင်တင်သွင်းခွင့်ပြုခြင်းဖြစ်ရာ အချို့သောကုန်ပစ္စည်းများမှာ လိုင်စင်ရှိရန်မလိုဘဲ ကုန်သွယ်မှု ပြုလုပ်နိုင်ကြောင်း သိရသည်။ ယင်းသို့ကုန်သွယ်လိုပါ က တင်ပို့၊ တင်သွင်းမည့်စခန်းများတွင် ကတ်အသစ် လျှောက်ထားခြင်းအတွက် မှတ်ပုံတင်ကြေး ကျပ် ၅၀၀၀၀၊ အွန်လိုင်း ကြေး ကျပ် ၂၅၀၀၊ ကတ်ပုံစံအတွက်  ကျပ် ၅၀၀ ကုန်ကျပြီး သက်တမ်းကာလ မှာ တစ်နှစ်သတ်မှတ်ထားကာ  သက်တမ်းတိုးပါက ကျပ် ၅၀၀၀၀ ပေးဆောင်ရန် သတ်မှတ်ထားသည်ဟုဆိုသည်။ အများဆုံးကုန်သွယ်မှုပြုသည့် ကုန်ပစ္စည်းများမှာ ပြောင်း၊ ပဲပုပ်စေ့တို့ဖြစ်ပြီး သွင်းကုန်များမှာ စားသောက်ကုန် များ၊ သစ်သီးဝလံများ၊ လူသုံးကုန် အဝတ်အထည် စသည်တို့ ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ITC ကတ်ဖြင့် ကုန်သွယ်ရေးစခန်း လေးခု၊ ပို့ကုန်၊ သွင်းကုန်ရုံးတစ်ခုမှ ကုန်သွယ်မှု ဆောင်ရွက်နေသည့်အပြင် ကန်ပိုက်တီကုန် သွယ်ရေးစခန်းမှ နေ၍ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တစ်ပိုင်တစ်နိုင် ကုန်သွယ်မှု ကတ်ပေါင်း ၁၃၀ ကျော်အထိ ထုတ်ပေးထား ကြောင်း သိရသည်။ ထိုကတ်ကိုင်ဆောင်သူသည် နှစ်နိုင်ငံ ငွေကြေးကို အခြေခံဆောင်ရွက်ေ သာ နယ်စပ်ကုန်သွယ်မှု နည်းလမ်းဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ပြီး ဘဏ်စနစ်ဖြင့် ငွေပေးချေဆောင်ရွက်သည့် နယ်စပ်ဖြတ်ကျော် ပုံမှန်ကုန် သွယ်မှုစနစ်ဖြင့် တင်ပို့၊ တင်သွင်းခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခွင့်မပြုကြောင်း သိရသည်။

 

ပန်းဆု

Local Trade News

Pages