ပြည်မြို့ဒေသထွက် သရက်သီးမှည့်များ ယခုနှစ်ဈေးသက်သာ အရောင်းအဝယ်သွက်

Wed, 06/08/2016 - 04:28 -- admin_ygn

          ယခုနှစ် သစ်သီးဝလံဈေးကွက် တွင် သရက်သီးမှည့်များ ဝင်ရောက်မှု ပေါများပြီး ဈေးနှုန်းမှာလည်း ယခင်နှစ် နဲ့မတူဘဲ ဈေးသက်သာလာတာ တွေ့ရပါတယ်။ မိုးလည်း ရွာသွန်းနေပြီမို့ သရက်သီးမှည့်တွေက ချိုလည်းချို အရောင်အသွေးမှာလည်း ကောင်းပြီး၊ ဈေးနှုန်းလည်း သက်သာတာကြောင့် ဒေသတွင်းရော၊ နယ်တင်ပို့မှုပါ အရောင်း အဝယ်သွက်လျက်ရှိနေပါတယ်။ ပြည်ဒေသမှထွက်ရှိသော သရက်သီးများမှာ မြကျောက်၊ စိန်တစ်လုံး၊ မန္တေ လးသရက်သီးတို့ကတော့ ဈေးကွက်ဝင်သစ်သီးများဖြစ်ပြီး ဒေသတွင်း စားသုံးမှုကတော့ သရက်သီးမျိုးစုံလင်စွာ စားသုံးလျက်ရှိကြပါတယ်။ မြကျောက်နှင့် စိန်တစ်လုံးကို ရန်ကုန်၊ မန္တလေးသို့ တင်ပို့ပြီး မန္တလေးသရက်ကို ရန်ကုန် နဲ့ ဒေသတွင်းသာ ရောင်းဝယ်ကြောင်း သိရပါတယ်။  ယခုဇွန်(ပထမပတ်) အတွင်း သရက်သီးဈေးနှုန်းမှာ မြကျောက်တစ်လုံးဈေး (ရှယ်) ကျပ် ၁၂၀နဲ့(လုံးသန့်) ကျပ် ၁၀၀ဖြစ်ပြီး စိန်တစ်လုံးကတော့ ကျပ်၂၅၀ ဈေးတစ်မျိုး တည်းြ ဖစ်ပေါ်နေပါတယ်။ စိုက်ပျိုးသူ အနည်းငယ်သာရှိတာကြောင့် ထွက်ရှိတဲ့စိန်တစ်လုံးတွေဟာ ဈေးကွက်ဝင်လာသမျှ အားလုံးအရောင်းအဝယ် ဖြစ်လျက်ရှိနေပါတယ်။ မန္တလေး သရက်သီးကို သရက်သီးကုန်သည်များက အပင်လိုက် ချုပ်ထားတာကြောင့် ဒေသတွင်းဈေးမှာ တစ်လုံးလျှင်(ရှယ်) ၅၀ ကျပ်နှင့် (လုံးသန့်) ၃၅ ကျပ်ရှိပါတယ်။
 

 

နီနီဝင်း

Local Trade News

Pages