ရွှေဘိုခရိုင်အတွင်းဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှု

Mon, 10/09/2023 - 10:05 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌အောက်တိုဘာလ (ပထမ ပတ်) တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ်နေကြောင်း၊ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီး/ပြည်နယ် များသို့ ဆန်စီးထွက်မှုမှာ စက်တင်ဘာလနောက်ဆုံးပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၈၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၀၁၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၄၀၀၀၊ စုစုပေါင်း အိတ်ရေ ၅၇၆၀၀၊ တန် အားဖြင့် ၂၈၈၀ တန် စီးထွက်ခဲ့ပြီး အောက်တိုဘာ (ပထမပတ်)တွင် ရန်ကုန်သို့အိတ်ရေ ၁၇၃၀၀၊ မန္တလေးသို့အိတ်ရေ ၁၇၈၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း(မြောက်) သို့ အိတ်ရေ ၅၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၅၂၆၀၀၊ တန်အားဖြင့် ၂၆၃၀ တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၅၀၀၀၊ တန်အားဖြင့် ၂၅၀ တန် လျော့၍ စီးထွက်ခဲ့ကြောင်းသိရသည်။

   အောက်တိုဘာလ (ပထမပတ်) တွင် ရွှေဘိုမြို့၌ ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀ ၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀ နှင့် ရွှေဝါထွန်း (နွေစပါး) တင်း ၁၀၀လျှင် ကျပ် ၁,၉၀၀,၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages