ပြည်နှမ်းဈေးကွက်မှာ ဝယ်လက်အဝယ်နည်းသွားလို့ နှမ်းဈေးပြန်ကျ

Tue, 06/28/2016 - 07:49 -- admin_ygn

       ယခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းအဝင်နည်းသွားလို့  ဈေးအနည်းငယ်  ပြန်ကျလာတာ တွေ့ရပါတယ်။ မျိုး နှမ်းသမားများကလည်း အဝယ်မရှိဘဲ ဆီစက်သမားများက သာ ဒေသတွင်းစားသုံးရန်အတွက် နှမ်းအဝယ် အ နည်းငယ်သာ အဝယ်ရှိသဖြင့် တစ်နေ့လျှင် အိတ် ၅၀ ခန့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခုအချိန်မိုးနှမ်း စိုက်ပျိုးချိန်၌ မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် အထက်အညာဘက်တွင် နှမ်းခင်းများပျက်စီးလျက်ရှိပါတယ်။ ယခင်နှစ်ကာလတူ က နှမ်းနီတစ်တင်းလျှင် ကျပ် ၂၇၀၀၀၊ နှမ်းနက်ရိုးရိုး တစ်တင်း လျှင် ကျပ် ၃၃၀၀၀နဲ့ စမုံနက်နှမ်းတစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဈေးရှိခဲ့ပြီး၊  ယခုတစ်ပတ်တွင် နှမ်းနီတစ်တင်းလျှင် ကျပ် ၂၃၀၀၀၊ နှမ်းနက်ရိုးရိုး တစ်တင်းလျှင် ကျပ် ၃၀၀၀၀ နဲ့ စမုံ နက်နှမ်း တစ်တင်းလျှင် ကျပ် ၅၃၀၀၀ ဈေးဖြင့် ယခင်နှစ်ထက် စာလျှင် ယခုနှစ်မှာဈေးကျလာတာတွေ့ရပါတယ်။

 

ဝေေ၀မင်း

Local Trade News

Pages