နို့ို့ဆီနဲ့ နို့မှုန့် ဝင်အားကောင်း

Wed, 08/10/2016 - 08:15 -- admin_ygn

   ဇူလိုင် ၂၄ရက်မှ ၃၀ရက် သီတင်း ပတ်အတွင်း ကန်ဒေါ်လာ ၁၂၂၅၀၄၃ တန်ဖိုးရှိ နို့ဆီ ၉၆၉ ဒသမ ၂၆၄ တန်ကို ပင်လယ်ရေကြောင်း  ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။   ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ   ၈၇ ဒသမ  ၅၅၂ တန်၊ မလေးရှားနိုင်ငံမှ ၁၄၈ဒသမ ၈၂၄ တန်နဲ့ စင်ကာပူမှ ၇၃၂ဒသမ ၈၈၈ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင် တစ်ပတ်  နို့ဆီတင်သွင်းမှုမှာ တန်ချိန် ၁၂၀ကျော်သာရှိခဲ့တာကြောင့် ဒီတစ် ပတ် တင်သွင်းမှုနဲ့ယှဉ်ရင်  တန်ချိန် ၈၄၀ ကျော်  ပိုမိုတင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
   နို့မှုန့်က ဒီတစ်ပတ်မှာ  နယူးဇီ လန်မှ ၁၆၈ တန်၊  မလေးရှားမှ ၅၂ ဒသမ ၀၈ တန်၊ ဖိလစ်ပိုင်မှ ၂ ဒသမ ၇၀ တန်၊ စင်ကာပူမှ ၁၂ဒသမ ၇၁၃ တန်နဲ့ ဗီယက်နမ်မှ ၆ ဒသမ ၆၅၇ တန်၊ စုစုပေါင်း၂၄၂ ဒသမ၁၅တန်တင်သွင်း ခဲ့ တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ်နို့မှုန့်အဝင်မှာ တန်ချိန် ၉၀ ကျော် သာရှိခဲ့တာကြောင့်  ဒီတစ်ပတ် တင်သွင်း မှုနဲ့ယှဉ်ရင် တန်ချိန် ၁၄၀ ကျော် ပိုမို တင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း (DOT)

Local Trade News

Pages