ထပ်မံကျဆင်းနေသည့် ပြည်တွင်းငွေလဲနှုန်း

Fri, 12/27/2019 - 08:34 -- admin_ygn

        ပြည်တွင်းငွေလဲဈေးနှုန်းမှာ ဈေးကျနေသည်ဆိုသော်လည်း ၁၅၀ဝ ကျပ် ဝန်းကျင်၌သာ အတက်အကျဖြစ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ၂၀ရက်တွင် ရည်ညွှန်းငွေလဲနှုန်း ကို အမေရိကန်တစ်ဒေါ်လာလျှင် ၁၄၉၉ ကျပ်  သတ်မှတ်ထားပြီး ဈေးကွက်အနေ အထားအရကြည့်ပါကလည်း ဈေးထပ်မံကျဆင်းနေကြောင်းသိရသည်။ 'အခုက ရွှေဈေးရောငွေဈေးပါ အကျဘက်ကို  ဦးတည်နေတယ်။  အားလုံး ကလည်း စောင့်ကြည့်အနေအထားမှာဖြစ်နေတယ်။ ပိုဆိုးတာက  ကုန်သွယ်ရေး ဆိုင်ရာ တင်းမာမှုတွေ ဆက်တိုက်ဖြစ်လို့ စီးပွားရေးတိုးတက်မှုနှုန်းကို ထိမယ်ဆိုရင် ဈေးကထပ်ကိုကျဦးမှာပဲ။ ဈေးကျတာမှာလည်း ဝုန်းခနဲကျတာမဟုတ်ဘဲ တအိအိ နဲ့ဖြစ်နေလို့သာ မသိသာတာ။ ကုန်သည်တွေအနေနဲ့  ငွေဈေးနည်းနည်းပဲကျတယ်ဆိုပေမယ့် အရောင်းအဝယ်ပိုင်းတော့ ထိမှာပဲ'ဟု ပြည်တွင်းငွေကြေးအရောင်း အဝယ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ ပြည်တွင်း ငွေလဲနှုန်းဈေးကွက်တွင် ဒီဇင်ဘာ ၁၆ ရက်က အမေရိကန် တစ် ဒေါ်လာရောင်းဈေး ၁၅၀၈ ကျပ်၊ ဝယ်ဈေး ၁၅၀၄ ကျပ်မှ ဒီဇင်ဘာ ၁၇  ရက်တွင် အမေရိကန်တစ်ဒေါ်လာ ရောင်းဈေး၁၅၀၇ ကျပ်၊ ဝယ်ဈေး ၁၅၀၃ ကျပ်သို့ ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့လယ်ပိုင်းတွင် အမေရိကန်တစ်ဒေါ်လာ ရောင်းဈေး ၁၅၀၅ကျပ်၊ ဝယ်ဈေး ၁၅၀ဝ ဖြင့် ဈေးငြိမ်နေကာ  ယခင်ရက်သတ္တပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးကျဆင်းနေကြောင်း သိရသည်။

 

ချောစု

Local Trade News

Pages