ခရီးသည် နားနေဆောင်သစ် ရန်ကုန်လေဆိပ်တွင် ဖွင့်လှစ်

Tue, 09/03/2019 - 07:39 -- admin_ygn

      နိုင်ငံတကာစံနှုန်းနည်းတူ ပရီမီ ယမ် ဝန်ဆောင်မှုပေးသည့် ခရီးသည် နားနေဆောင်သစ်ကို သြဂုတ် ၂၀ ရက် တွင် ရန်ကုန်လေဆိပ်၌ စတင် ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ  နားနေဆောင်သစ်ကို ပြည် တွင်း၊ ပြည်ပခရီးသည်များ လေ ယာဉ်ဆိုက်ရောက်ချိန်၊ ထွက်ခွာချိန်များ တွင် နိုင်ငံတကာစံနှုန်းအတိုင်း အပြည့် အ၀ ဝန်ဆောင်မှုပေးနိုင်စေရန် ရည်ရွယ် ခြင်းဖြစ်ပြီး  လေဆိပ်  Terminal 1  ၌  Mingalar Sky Premium Lounge ကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Mingalar Sky Premium Lounge  ဝန်ဆောင်မှုအနေဖြင့် အစား အသောက်၊ ရေချိုးခန်းတွဲလျက် နားနေခန်းအပြင် ခရီးသည်များ လွတ်လွတ် လပ်လပ်သွားလာနိုင်ရန်အတွက် ချက် ပြုတ် စားသောက်ခန်း စသည်တို့ ပါဝင် သည့်အပြင် အများပြည်သူ သွားလာနေ သည့် ပုံစံမျိုးနှင့်မရောဘဲ သီးသန့်အနေ ဖြင့် VIP ပုံစံမျိုး ဝန်ဆောင်မှုအပြည့်အ၀ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချောစု