အိန္ဒိယနယ်စပ်မှ ကွမ်းသီးများပိုမိုတင်ပို့

Fri, 02/24/2017 - 04:37 -- admin_ygn

        မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန် သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီ ၄ ရက်မှ ၁၀ ရက်အထိ သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၉ သန်း တန်ဖိုးရှိ ကွမ်းသီး ၆၃၂ တန် တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က တန်ချိန် ၅၉၀ တင်ပို့ခဲ့ တာမို့ ယခုတစ်ပတ်မှာ ၄၂ တန်ပိုမို တင်ပို့နိုင်တာတွေ့ရပါတယ်။ ယင်းသို့ ပိုမိုရခြင်းမှာ ယခင်တစ်ပတ်က တင်ပို့ နိုင်ခြင်းမရှိတဲ့ တမူးကုန်သွယ်ရေး စခန်း မှ ကွမ်းသီး ပြန်လည်တင်ပို့လာခြင်း ကြောင့် ဖြစ် တယ်လို့ သိရပါတယ်။
     တင်ပို့မှုကိုကြည့်ပါက တမူးကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၃၇သန်း တန်ဖိုးရှိ ကွမ်းသီး ၄၂ တန်နဲ့ ရိဒ်ကုန်သွယ်ရေး စခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၄၈၂ သန်း တန်ဖိုးရှိ ကွမ်းသီး ၅၉၀ တန် တင်ပို့နိုင်တယ်လို့ သိရပါတယ်။ တမူးကုန်သွယ်ရေးစခန်းမှ ကွမ်းသီးအပြင် အမေရိ ကန်ဒေါ်လာ သုည ဒသမ ၃၃၀ သန်း တန်ဖိုးရှိ နန့်ဖာလုံ အမယ်စုံနဲ့ စီးကရက်တို့ကို ၂၅ တန် တင်ပို့နိုင်ပြီး ရိဒ် ကုန်သွယ်ရေးစခန်းမှ အေ မရိကန်ဒေါ်လာ သုညဒသမ ၁၂၀ သန်း တန်ဖိုးရှိ စီးကရက်၊ မုန့်မျိုးစုံ၊ ရေချိုငါးတို့ကို ၉၁ တန် တင်ပို့နိုင် တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ

Border Trade News

Pages