ဟင်္သာတ မတ်ပဲဈေး အနည်းငယ်ပြန်တက် ပဲတီစိမ်းမျိုး အဝယ်လိုက်

Wed, 09/18/2019 - 04:01 -- admin_ygn

    ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတကုန်စည်ဒိုင်တွင် စက်တင်ဘာလ ပထမပတ်က တစ်တင်းလျှင်  ကျပ် ၂၃၇၀၀ ထိ  ကျဆင်းခဲ့သော မတ်ပဲသည် ဒုတိယပတ်တွင် ဈေးအနည်းငယ်ပြန်တက်လာခဲ့ရာ စက်တင်ဘာ ၁၂ ရက် တွင်  ကျပ်၂၄၇၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဖွဲနုပေါင် ၇၀ တစ်အိတ် လျှင် ကျပ် ၁၀၅၀၀ ဈေးဖြင့်လည်းကောင်း၊ ပဲငါးပိ (ဆီတိုးလုံးကြီး) တစ်တင်း လျှင် ၂၀၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ အစေ့ထုတ်ပြောင်း တစ်တင်း လျှင် ကျပ် ၉၃၀၀ ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
       လာမည့် သီးထပ်ကာလတွင် စိုက်ပျိုးရန် ပဲတီစိမ်းမျိုးကို တောင်သူများ အဝယ်လိုက်လာပြီး   ပဲတီစိမ်း(ဝါးခယ်မ)မျိုး  တစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြင့်လည်းကောင်း၊ ဟင်္သာတမြို့ပွဲရုံများတွင် ပဲတီစိမ်း(ဆီပြောင်)မျိုးနှင့် ပဲရင်း မျိုးများကို ရန်ကုန်မှ မှာယူရောင်းချရာတွင် ပဲတီစိမ်း ဆီပြောင် မျိုး ၁၅ ပိဿာ တစ်အိတ်လျှင် ကျပ် ၃၃၀၀၀ ၊ ပဲရင်း မျိုး ၁၅ ပိဿာ တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

 

မောင်မောင်မြတ်ခိုင်

Border Trade News

Pages