ရေကြောင်းမှ တရားမဝင် ကုန်စည်ဝင်ရောက်မှုများကို ထိရောက်စွာ ဆောင်ရွက်မည်

Wed, 12/18/2019 - 04:42 -- admin_ygn

    ပင်လယ်ရေကြောင်းမှ တရားမဝင် ကုန်စည် ဝင်ရောက်မှုများကို ရေကြောင်းရဲများဖြင့် ထိရောက် စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။ ဒီဇင်ဘာ ၈ ရက်က ကုန်သည်စက်မှုအသင်း ချုပ်တွင် ကျင်းပသည့် နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍ လုပ်ငန်း ရှင်များ လစဉ်ပုံမှန် တွေ့ဆုံပွဲ (၃၁) ကြိမ်မြောက်တွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စရပ်ကို ယခင်က နယ်မြေအခြေ အနေ၊ နိုင်ငံရေး အခြေအနေအရ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့သော်လည်း ယခုအခါ အမှန်တကယ် စည်းကမ်းချိုးဖောက်သည့်အဖွဲ့များကို ထိထိရောက် ရောက် အရေးယူရန် စတင် ဆောင်ရွက်မည်ဟု ဆို သည်။

    "အခုလက်ရှိမှာ တရားမဝင် ကုန်စည်အများစု ကတော့ ပင်လယ်ရေကြောင်းကလည်း ဝင်နေတယ်။ ရေကြောင်းရဲတွေ ဖွဲ့ဖို့လည်းပဲ ပီပီပြင်ပြင် မဖွဲ့နိုင် သေးဘူး။ ဒါကြောင့် ရှိတဲ့ တပ်မတော်(ရေ)က ဆောင်ရွက်နေတယ်။ ဒါတွေလည်း ထိထိရောက် ရောက် စပြီး လုပ်ဆောင်နေပါတယ်"ဟု ဒုသမ္မတက ပြောသည်။ တရားမဝင် ကုန်စည်များသည် လေကြောင်း မှ ဝင်ရောက်မှုနည်းသော်လည်း ပင်လယ်ရေကြောင်း နှင့် နယ်စပ်ဒေသများဖြစ်သည့် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အဝင်များကြောင်း သိရသည်။ "အထူးသဖြင့်တော့ ရန်ကုန်ဝင်ပေါက်၊ ဧရာ ဝတီနဲ့ တခြားဝင်ပေါက်တွေလည်း ရှိတယ်။ ဒါတွေ လည်း ထိထိရောက်ရောက် ဆောင်ရွက်ရမယ့်အပိုင်း ဖြစ်ပါတယ်"ဟု ဒုသမ္မတက ပြောသည်။ ယင်းကဲ့သို့ တရားမဝင် ကုန်သွယ်မှုများ ဝင်ရောက်ခြင်းကို ထိရောက်စွာ မဆောင်ရွက်ပါက နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် အတွက် စဉ်းစားလာမည့် အခြေအနေဖြစ်သော ကြောင့် ယခုကဲ့သို့ အရေးယူ ဆောင်ရွက်ရန် ပြုလုပ် နေခြင်းဖြစ်သည်ဟု ဆိုသည်။

    ထို တရားမဝင် ကုန်သွယ်မှုများကြောင့် ကမ္ဘာ လုံးဆိုင်ရာ တရားမဝင် ကုန်သွယ်မှု အခြေအနေ ညွှန်းကိန်း၌ နိုင်ငံပေါင်း ၈၄ နိုင်ငံရှိသည့်အနက် မြန်မာနိုင်ငံသည် အဆင့် ၈၂ တွင် ရှိနေကြောင်း သိရသည်။ နယ်စပ်ဒေသများမှ တရားမဝင် ကုန်ပစ္စည်း များ ဝင်ရောက်လာခြင်းကြောင့် အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည် ရန် ခက်ခဲလာနိုင်သဖြင့် အဆိုပါ ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်ပေးနိုင်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍ ဖွံဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် တရားမဝင် ကုန် ပစ္စည်းများ တားဆီးထိန်းချုပ်နိုင်ရေး အထူးအဖွဲ့များ ဖွဲ့စည်း၍ ဖမ်းဆီးအရေးယူခဲ့ရာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ ယခု ၂၀၁၉ ခုနှစ် အောက်တို ဘာလအထိ ဖမ်းဆီး အရေးယူမှုပေါင်း ၁၀၆၅ ကြိမ်၊ ခန့်မှန်း တန်ဖိုးငွေ ကျပ် ၁၅ ဒသမ ၆၄၈၂ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

ပန်းဆု

Border Trade News

Pages