ယခုတစ်ပတ် ရော်ဘာတန်ချိန် ၁၀၀၀ ကျော်တင်ပို့

Fri, 09/20/2019 - 06:56 -- admin_ygn

    ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စက်တင်ဘာ ၁ ရက်မှ ၇ ရက်အထိကာလအတွင်း  အမေရိကန်ဒေါ်လာ  တစ်သန်းကျော်တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၀၇၀ ကျော်တင်ပို့ခဲ့သည်။ ယခုတစ်ပတ်မှာရေကြောင်းမှ တရုတ်၊ ဂျပန်၊ ကိုရီယား၊  မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများသို့တင်ပို့ပြီး  တရုတ်နိုင်ငံသို့ Synthetic  ရော်ဘာ အမျိုးအစားတန်ချိန် ၅၀၀ ကျော်၊ဂျပန်နိုင်ငံသို့  MSR-20 အမျိုးအစား ၁၉၆ တန်၊ ကိုရီယားနိုင်ငံသို့ TSR-20 အမျိုးအစား တန်ချိန် ၂၁၀ ကျော်၊ မလေးရှားနိုင်ငံသို့ RSS-3 အမျိုးအစား တန်ချိန် ၆၀၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၁၀၀ ကျော် တင်ပို့ ခဲ့ကြောင်း သိရသည်။
     ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၇၀ ကျော် ပိုမိုတင်ပို့နိုင်ကြောင်း သိရသည်။ ယခုတစ်ပတ်မှာ မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ရော်ဘာ ၁၃ တန် တင်ပို့ကြောင်းသိရသည်။ ယခု တစ်ပတ် နိုင်ငံ တကာရော်ဘာ ဈေးအတက်အကျ သိပ်မရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ဈေးနှုန်းထုတ်ပြန်ချက်အရ RSS-1 တစ်တန်လျှင် ဒေါ်လာ ၁၃၀၀-၁၃၅၀၊ RSS-2 တစ်တန် လျှင် ဒေါ်လာ၁၂၅၀-၁၃၅၀၊ RSS-3 တစ်တန်လျှင် ဒေါ်လာ ၁၂၀၀-၁၃၀၀၊ RSS-4 တစ်တန်လျှင် ဒေါ်လာ ၁၁၀၀-၁၂၀၀၊ RSS-5 တစ်တန်လျှင် ဒေါ်လာ ၁၁၅၀-၁၂၅၀ ဖြစ်ကြောင်း သိရသည်။

 

ယဉ်ယဉ်အေး

Border Trade News

Pages