ယခုတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် ၁၀ဝ၀ဝ၀ကျော်ဝင်

Fri, 06/19/2020 - 07:34 -- admin_ygn

မေ ၃၁ ရက်မှ ဇွန် ၆ ရက်   သီတင်းပတ်အတွင်း  အမေရိကန်ဒေါ်လာ ၅၂၈၁၉၄၀ တန်ဖိုးရှိ ဓာတ်ဆီ၂၇၅၁၅ဒသမ ၅၅ တန်နှင့် အမေရိကန်ဒေါ်လာ ၂၈၃၅၉၃၈၈ တန်ဖိုးရှိ ဒီဇယ် ၉၅၅၉၇ ဒသမ ၁၄ တန်၊ စုစုပေါင်း ၁၂၃၁၁၂ ဒသမ ၆၉ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။  ယခင်သီတင်းပတ်က ဓာတ်ဆီ ၃၀၂၅၈ ဒသမ ၂၅ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်  တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၇၄၂ ဒသမ ၅၀ တန် တင်သွင်းမှုလျော့ နည်းခဲ့ပြီး ယခင်သီတင်းပတ်က ဒီဇယ်တန်ချိန် ၄၆၄၉၇ ဒသမ ၆၈ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၄၉၀၉၉ ဒသမ ၄၆ တန်ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယခုတစ်ပတ်ဒီဇယ်အဝင်ပိုခဲ့ပြီး ဓာတ်ဆီအဝင်လျော့နည်းခဲ့ကြောင်း သိရသည်။

 

နယ်စပ်စခန်းဖြစ်သည့် တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၉၉၂၉၈ တန်ဖိုးရှိ ဒီဇယ်၃၅၇ ဒသမ ၄၄ တန်နှင့် အမေရိကန်ဒေါ်လာ ၇၁၄၆၂ တန်ဖိုးရှိ ဓာတ်ဆီ၃၇၃ဒသမ ၅၃ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁၂၈၀၇ တန်ဖိုးရှိ ဒီဇယ် ၅၈၆ ဒသမ ၆၃ တန် ၊ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိ ကန်ဒေါ်လာ ၇၀၆၇၆၇ တန်ဖိုးရှိ ဒီဇယ် ၂၇၇၃ ဒသမ ၂၆ တန် တင်သွင်းခဲ့ကြောင်း သိရသည်။ 

 

သီတာဝင်း (DOT)

Border Trade News

Pages