မူဆယ်မှ ပျားရည်ပိုမိုတင်ပို့

Fri, 02/24/2017 - 04:27 -- admin_ygn

          မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဖေဖော် ဝါရီ ၄ ရက်မှ ၁၀ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၂၄၇၀ တန်ဖိုးရှိ ပျားရည် ၃၂ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်း ပတ် က တရုတ်နိုင်ငံသို့ ပျားရည်တင်ပို့မှုမရှိဘဲ ယခုတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပျားရည်ကို ပြည်တွင်းမှာ ဆေးဝါးအဖြစ်သာ အသုံးပြုကြပြီး ပြည်ပနိုင်ငံ တွေမှာတော့ ပျားရည်ကို သကြားအစား အသုံးပြုခြင်းနဲ့ အေ အးပိုင်းနိုင်ငံတွေမှာ အများအပြား သုံးစွဲနေကြတာကြောင့် ယခုလို ပြည်ပဈေးကွက်သို့ တင်ပို့နေရ တာ ဖြစ်ပါတယ်။ ပျားရည်တစ်တန်ကို လိုင်စင်ဈေး အမေရိကန်ဒေါ်လာ ၇၀၀ ရှိတယ်လို့ သိရပါတယ်။

 

မော်မော်အောင်

Border Trade News

Pages