မူဆယ်နဲ့ ချင်းရွှေဟော်စခန်းမှ ရော်ဘာပိုမိုတင်ပို့

Thu, 12/21/2017 - 06:40 -- admin_ygn

           မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၆၆ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၄၇၄၆ တန် တင်ပို့ခဲ့ရာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ရော်ဘာ RSS1 ၃၁၅ တန်ကျော်၊ RSS3 ၂၀၃၅ တန်၊RSS5 ၁၂၄၁ တန်နဲ့ MSR 20 ၂၆၄ တန်၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ RSS3 ၃၀၈ တန်ခန့်နဲ့ RSS5 ၅၈၃ တန် တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က ကုန်သွယ်ရေးစခန်းများမှ ရော်ဘာ ၁၆၅၂ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၀၉၄တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ် မူဆယ်ကုန်စည်ဒိုင်ရဲ့ ရော်ဘာပေါက်ဈေးမှာ RSS3 တစ်တန်လျှင်ကျပ် ၂၀ ဒသမ ၁၆၃ သိ န်းရှိပြီး ယခင်တစ်ပတ်ဈေးထက် တစ်တန်ကို ၄၁၂၃ ကျပ် ဈေးကျကြောင်း သိရပါတယ်။
           ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၂၆ သန်းတန်ဖိုးရှိ ရော်ဘာ ၃၇၉ တန်နီးပါး တင်ပို့ခဲ့ပါတယ်။ မလေးရှားနိုင်ငံသို့ RSS3 တန် ၁၀၀ နဲ့ Synthetic Rubber တန်ချိန် ၁၀၀၊ ဂျပန်နိုင်ငံသို့ MSR 20 ၉၈ တန်နဲ့ တရုတ် နိုင်ငံသို့  TSR 20 ၈၁ တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၄၈၆ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ၁၀၇ တန် လျော့ကျခဲ့ပါတယ်။ ယခုတစ်ပတ်မှာ နိုင်ငံတကာ ရော်ဘာဈေး အတက်အကျ အနည်းငယ်သာရှိကြောင်းနဲ့ ပြည်ပပို့မယ် မြန်မာ့ရော်ဘာဈေးလည်း ယခင်တစ်ပတ်အတိုင်း မပြောင်းလဲကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း ရဲ့ ဈေး နှုန်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

ယဉ်ယဉ်အေး

Border Trade News

Pages