မူဆယ်နယ်စပ်မှ လုပ်ငန်းသုံးယာဉ်/ယန္တရားတင်သွင်းမှု

Mon, 01/13/2020 - 07:09 -- admin_ygn

မြန်မာနိုင်ငံ၌ မော်တော်ယာဉ်တင်သွင်းမှုမူဝါဒကို ၁၉၉၆ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှစတင်ကာ   ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံပါမစ်နှင့် အသက်၁၈ပြည့်ပြီးသူနိုင်ငံသားတိုင်းအား လူစီး မော်တော်ယာဉ် တင်သွင်းခွင့်များပေးခဲ့ပြီး ယခုအခါ  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီသည် ပြည်ပမှမော်တော်ယာဉ် တင်သွင်းခြင်းအတွက် သတ်မှတ်ချက်များကို နှစ်စဉ်ထုတ်ပြန် ၍ ပြည်ပမှတင်သွင်းခွင့်ပြုထားလျက်ရှိသည်။ ပြည်ပမှ  မော်တော်ယာဉ်တင်သွင်းခွင့်အတွက် ပင်လယ်ရေကြောင်းမှ တင်သွင်းခြင်းအပြင် လူစီးယာဉ်မှအပ လုပ်ငန်းသုံးယာဉ်နှင့်ယာဉ်/ယန္တရားများကို မြန်မာ-တရုတ်နိုင်ငံ နယ်စပ်ပေါက် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊  မြန်မာ-ထိုင်းနိုင်ငံနယ်စပ်ပေါက်  မြဝတီကုန်သွယ်ရေးဇုန်နှင့် တာချီလိတ် ကုန်သွယ်ရေးစခန်းနေရာသုံးခုတို့မှလည်း  တင်သွင်းခွင့်ပြုထားသည်။

 

မြန်မာ-တရုတ်နယ်စပ် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ  လုပ်ငန်းသုံး  ယာဉ်/ ယန္တရား တင်သွင်းမှုများအနေ ဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ဖိုးအမေရိကန်ဒေါ်လာ  ၃၂၅ ဒသမ ၃၆၆ သန်း ၊ ၂၀၁၈  (Mini Budget)  တန်ဖိုးအမေရိ ကန်ဒေါ်လာ ၈၇ ဒသမ ၄၃၇သန်း ၊ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် တွင် တန်ဖိုး အမေရိကန်ဒေါ်လာ  ၁၅၁ ဒသမ   ၆၁၅ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ  ဒီဇင်ဘာလအထိ   တန်ဖိုး အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၂၂၈ သန်းထိ တင်သွင်းခဲ့ပြီး တစ်နှစ် ထက်တစ်နှစ်    ပိုမိုတင်သွင်းလာခဲ့ ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်  မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေး ဇုန်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တို ဘာလမှ ဒီဇင်ဘာ လအထိ ယာဉ်/ယန္တရားတင်သွင်းမှုကိုကြည့်လျှင်  ပြည်တွင်းလုပ်ငန်း လိုအပ်ချက် အပေါ် မူတည်၍  Light Truck ၇၀၅ စီး၊ Brand New Dumper Truck ၁၁၄၉ စီး၊ Express Bus ၂၁၃ စီး၊   Prime Mover Head  ၂၉၅ စီး၊  Wheel LoaderRoad/ Excavator ၁၉၅ စီး၊ Trawllergy  ၇၃၆ စီး Three Wheel Motorcycle  ၄၅၇၈စီး စုစုပေါင်း ၇၈၇၁စီး စသည်ဖြင့်အသီးသီး ရှိကြောင်း တွေ့ရသည်။

 

မြန်မာနယ်စပ်ဒေသများဖြစ်သည့် မူဆယ်၊ မြဝတီ၊ တာချီလိတ်တို့မှ မော်တော်ယာဉ် တင်သွင်းခွင့်နှင့်ပတ်သက်၍ လုပ်ငန်းသုံးယာဉ်/ယန္တရားများ တင်သွင်းခွင့်ပြုထားရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ရက်မှစ၍ပြည်ပမှလုပ်ငန်းသုံး ယာဉ်တင်သွင်းခြင်းကို ကုမ္ပဏီလိုင်စင်ဖြင့် တင်သွင်းခွင့်မပြု တော့ဘဲ ကားအရောင်းစင်တာဖွင့်လှစ်မှသာ တင်သွင်း ခွင့်ပြုတော့မည်ဖြစ်၍ မူဆယ်နယ်စပ်ဒေသမှ တစ်ပိုင်တစ်နိုင် ရောင်းဝယ်သူများအနေဖြင့်    အခက်အခဲရှိလာနိုင်တယ်}}ဟု တစ်ပိုင်တစ်နိုင်မော်တော်ယာဉ်တင်သွင်းရောင်းချသူတစ်ဦးက သုံးသပ်ပြောကြားထားသည်။ ကုန်သွယ်ရေးဦးစီးဌာန  မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် တာဝန်ရှိသူတစ်ဦးကတော့  မော်တော်ယာဉ်တင်သွင်း ခွင့်နှင့်ပတ်သက်၍ နိုင်ငံတော်က အဆင့်ဆင့်ဖြေလျော့ပေးမှုများ ပြုလုပ်ပေး လျက်ရှိကြောင်း၊ ယခုထုတ်ပြန်ထားသည့် တင်သွင်းခွင့်နှစ်သတ်မှတ်ချက်များသည်  အသုံးပြုမည့် ပြည်သူများ အရည်အသွေးမီပစ္စည်းများ အသုံးပြုစေလိုခြင်း၊ အသုံးပြုသူ  လုံခြုံမှုရှိစေရန် ဆောင်ရွက်ထားခြင်းဖြစ်၍ ဝယ်ယူအသုံးပြုသူများအနေဖြင့် လွတ်လပ်စွာစိတ်ကြိုက်ရွေးချယ်နိုင်သည့် ဈေးကွက် ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်းနှင့်  မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန် မှတစ်ဆင့်  ယာဉ်/ယန္တရားတင်သွင်းမှုများအတွက်လည်း One Stop Service အဖွဲ့ဖြင့်စစ်ဆေးခြင်း၊ အခွန်စည်းကြပ်ခြင်းများကို လွယ်ကူလျင်မြန်စွာဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားမှုကိုကြားသိရကြောင်း တင်ပြလိုက် ရပါသည်။ 

 

မူဆယ်သူ

Border Trade News

Pages