မုံရွာ-ရန်ကုန် ကုန်စည်ပို့ဆောင်ခ အနည်းငယ်တက်လာ

Fri, 02/24/2017 - 04:10 -- admin_ygn

          မုံရွာမှထွက်ရှိသော ပဲစင်းငုံနီများကို ရန်ကုန်ဝယ်လက်သို့ တင်ပို့ လျက်ရှိသဖြင့် မုံရွာ-ရန်ကုန် ကုန်စည်ပို့ဆောင်ခ  အနည်းငယ်တက်လာ ကြောင်း မုံရွာမြို့ရှိ ကုန်စည်ပို့ဆောင်ရေးအသင်းထံမှ သိရှိရပါတယ်။ ဒီဇင်ဘာ၊ ဇန်န ဝါရီလများတွင် မုံရွာ-ရန်ကုန် ကုန်စည်ပို့ဆောင်ခမှာ တစ်ပိဿာလျှင် ၃၇ ကျပ်မှ ၃၈ ကျပ်မျှသာရှိခဲ့ရာမှ ဖေဖော်ဝါရီပထမပတ်မှစ၍ ကုန်စည်ပို့ဆောင်ခမှာ တစ်ပိဿာလျှင်ကျပ် ၄၀ မှ ၄၂ကျပ်အထိ ရောက်ရှိခဲ့ တယ်လို့ သိရပါတယ်။ ယခုအခါ ရန်ကုန်သို့ ပဲစင်းငုံနှင့် ပဲမျိုးစုံတစ်နေ့လျှင် အိတ်ရေ ၃၀၀၀ ကျော်ခန့် ပုံမှန်တင်ပို့နေတယ်လို့ ကုန်သည်တစ်ဦးကလည်း ပြောပြပါတယ်။

 

အောင်မင်း(တန့်ဆည်)

Border Trade News

Pages