ထိုင်းနိုင်ငံသို့ လက်ဖက်ခြောက်တင်ပို့

Fri, 02/24/2017 - 04:40 -- admin_ygn

        ဖေဖော်ဝါရီ ၄ ရက်မှ ၁၀ ရက် အထိ ရက်သတ္တပတ်အတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ် ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၉၂၅၂ တန်ဖိုးရှိ လက်ဖက်ခြောက် ၇၅ တန်နီးပါးကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ ပါတယ်။ ယခင်ရက်သတ္တပတ်က တာချီလိတ်မှ လက်ဖက်ခြောက် တင်ပို့ခဲ့ခြင်းမရှိဘဲ မူဆယ်မှတစ်ဆင့် တရုတ် နိုင်ငံသို့ လက်ဖက်ခြောက် ၁၆ တန်ခွဲ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ စက်ရုံများမှ ထုတ်လုပ်တဲ့ လက်ဖက်ခြောက်မှာ မိရိုးဖလာန ည်းနဲ့ ထုတ်လုပ်တဲ့ လက်ဖက်ခြောက်ထက်အနံ့၊ အရသာကွာခြားသည့်အပြင် သန့်ရှင်း သပ်ရပ်မှု ပိုမိုကောင်းမွန်တာကြောင့် ကျန်းမာရေးနဲ့လည်း ကိုက်ညီပြီး ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက် နိုင်သဖြင့် ဈေးပိုမိုရရှိတယ် လို့ Myanmar Green Tea လက်ဖက်လုပ်ငန်းမှ သတင်း ရရှိပါတယ်။

 

မော်မော်အောင်

Border Trade News

Pages