တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကျင်းပ

Thu, 09/26/2019 - 07:01 -- admin_ygn

     ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ  စခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်မင်း ဦးစီး၍ အကောက် ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့်   ပြည်သူ့ အင်အားဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကန်ပိုက်တီ နယ် စပ်ကုန်သည်များအသင်းတို့မှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ၊ ဟိုချောင်စစ်ဆေးရေးဂိတ်တာဝန်ခံ၊ မစ္စတာ ရန်ရှုံ ဦးစီးပြီး တာဝန်ရှိသူ ၁၅ ဦးခန့်တို့ဖြင့် စက်တင်ဘာ  ၁၀ ရက်တွင် ဟိုချောင်စစ်ဆေးရေးဂိတ်၊ အစည်းအဝေး ခန်းမ၌ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေးအစည်း အဝေး ကျင်းပပြုလုပ်ခဲ့သည်။
     အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ဆိုင်ရာ ကိစ္စရပ်များဖြစ်သော ဘိန်းအစားထိုး  သီးနှံများ ဖြစ်သည့် တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ ပြောင်းဖူးစေ့၊ ဆန် လေးမျိုး တင်ပို့/တင်သွင်းရန် ခွင့်ပြုထားမှုအခြေအနေ၊ Quota သတ်မှတ်ပေးထားသော ပစ္စည်းများအနက် တစ်သျှူးငှက်ပျောတစ်မျိုးတည်းကိုသာ ကန်ပိုက်တီနယ်စပ် ဂိတ်မှသာ တင်သွင်းခွင့်ပေးထားမှုအခြေအနေ၊ ပင်ရင်း နိုင်ငံသက်သေခံလက်မှတ်ဆိုင်ရာ ကိစ္စရပ်များ၊ လူ၊ တိရ စ္ဆာန်နှင့် အပင်တို့တွင် ဖြစ်ပွားတတ်သော ကပ်ရောဂါ၊ ဖျက်ပိုးများ၊ မှိုရောဂါနှင့် အခြားရောဂါများ ပြန့်ပွားမှုများကို အချိန်မီ ကြိုတင်ပူးပေါင်းကာကွယ်နိုင်ရန်  အပြန်အလှန် ချိတ်ဆက်အသိပေးရေးကိစ္စများ၊  လူဝင်/လူထွက် ဆိုင် ရာ ကိစ္စရပ်များဖြစ်သည့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ဖြင့် နှစ်နိုင်ငံဝင်/ထွက်သွားလာနေသည့် မြန်မာ-တရုတ်နိုင်ငံသားများအနေဖြင့်  သတ်မှတ်ထားသော တရားဝင်နယ်စပ်ဖြတ်သန်း ဂိတ်မှသာ အဝင်/ ထွက် ပြုလုပ်စေရေး  စိစစ်ကြပ်မတ်ပေးရေးကိစ္စရပ်များအား ချစ်ကြည်ရင်းနှီးစွာအပြန်အလှန် ညှိနှိုင်းဆွေးနွေးကြ သည်။ ယခုကဲ့သို့ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးအား လေးလတစ်ကြိမ်  အပြန်အလှန် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ကိုလတ်(ကန်ပိုက်တီ)

Border Trade News

Pages