တရုတ်သို့ ပျားရည်တင်ပို့မှု ဝယ်လိုအားကောင်းမွန်လာ

Thu, 01/16/2020 - 07:41 -- admin_ygn

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ် နိုင်ငံသို့ ပျားရည်တင်ပို့လျက်ရှိရာ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်စတွင် ယင်းနိုင်ငံမှ ဈေးကွက်ဝယ် လိုအား ပိုမိုကောင်းမွန်လာကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံက ပျားရည်အများစုကို အာရှနိုင်ငံတွေကို အများဆုံးတင်ပို့နေတာ ဖြစ်ပါတယ်။ တရုတ်ကတော့ အရင်ကတည်း က ဈေးကွက်မပျက်ရှိနေတာ။ တရုတ်က မြန်မာ့ အော်ဂဲနစ် ပျားရည်ကို  ပိုကြိုက်တယ်ဟု အဆိုပါ ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင် လွင်က ဇန်နဝါရီ ၉ ရက်တွင်ပြောသည်။ ပျားရည်ကို ဆီးပျားရည်၊ ပန်းပျားရည်၊ သရက်ပျားရည်၊ နှမ်းပျားရည်၊ မုန်လာဥပျားရည် စသည်ဖြင့် ပျားမွေးမြူသော ပျားပုံးထားရှိသည့် ယာခင်း သီးနှံအပေါ် မူတည်၍ အမျိုးအစားခွဲခြား ကာ ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း ဦးခင်မောင်လွင်က ပြောသည်။

 

ယင်းသို့ တင်ပို့မှုကို ဓာတ်ခွဲခန်း စစ်ဆေးချက် များအရ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တင်ပို့ ခွင့်ပြုသည့် ထောက်ခံချက် ထုတ်ပေးထားကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ နှစ်လကျော် ကာလအတွင်း မူဆယ် ၁၀၅ မိုင်  ကုန်သွယ်ရေးဇုန်မှ ပျားရည်တန်ချိန် ၄၀ဝ ကျော် တင်ပို့ထားပြီး အမေ ရိကန်ဒေါ်လာ ၃၃၈၀ဝ၀ ကျော်   ရရှိထားကြောင်း ၎င်းက ပြောသည်။ အဆိုပါ မူဆယ်ဇုန်မှတစ်ဆင့် တင်ပို့သည့် ပျားရည်များသည်  ရှမ်းပြည်နယ် သီပေါ၊ နောင်ချို၊ အောင်ပန်း၊   စစ်ကိုင်းတိုင်းဒေသကြီးရှိ စစ်ကိုင်း၊ မုံရွာမြို့များနှင့်  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ    စုဆောင်းကာ တင်ပို့နေခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။

 

မြန်မာ့အော်ဂဲနစ်ပျားရည်ကို ဆီး၊ ပန်းနှမ်း၊ နှမ်း၊ နေကြာ၊ လဲမှို၊ ရော်ဘာ၊ သရက်၊ ပင့်ကူထိပ်ပိတ် (ပန်းသုံးဆင့်)၊ လိုက်ချီးတို့မှ ထုတ်ယူပြီး တရုတ်၊ ဂျပန်၊ ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယား စသည့် နိုင်ငံများ သို့ တင်ပို့ရောင်းချလျက်ရှိသည်။ ယင်းကဲ့သို့ မြန်မာ့ ပျားရည်ကို ပြည်ပနိုင်ငံများသို့ အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီစွာ တင်ပို့နိုင်ရေးအတွက် မွေး မြူရေးနှင့် ကုသရေးဦးစီးဌာန၏ လက်အောက်ခံ ဌာနခွဲတစ်ခုဖြစ်သည့် ပျားလုပ်ငန်းဌာနမှ အဓိက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိ ပျားရည်ထုတ်လုပ်မှုကဏ္ဍတွင် ပျား ရည် အရည်အသွေးမြှင့်တင်နိုင်ရေး၊ ထွက်ရှိတင်ပို့နေသည့် ပျားရည်တန်ချိန် မြင့်မားလာစေရေး၊ ပျားရည်ထုတ်လုပ်မှုဆိုင်ရာ အခြေခံအဆောက်အအုံ များ ခိုင်မာစေရေး  စသည့် လိုအပ်ချက်များရှိနေဆဲ ဖြစ်ကြောင်း ၎င်းကပြောသည်။ မြန်မာနိုင်ငံ၌ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ပျားရည် (အလေးချိန်) ၅ယ၅၇၂၂၀ဝ ပေါင်ခန့် ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားပြီး လက်ရှိဝတ်မှုန် ကူးပြောင်းဧက  ၁၀ဝ၆၇၇၆ ခန့်တွင် တိုးချဲ့ ပျားအုံ ၅၄၀ဝ ခန့်ရှိကြောင်း သိရသည်။

 ပန်းဆု

Border Trade News

Pages