မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Mon, 05/27/2024 - 03:25 -- bordertrade

               မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မေ (၁၉)ရက်နေ့မှ (၂၀)ရက်နေ့အတွင်း ပို့ကုန်  ငါးကြိတ်သား (၁) တန်လျှင် (၁၈၂၃) ဒေါ်လာနှုန်းဖြင့် (၇.၂) တန် ၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း ကားလမ်း ကြောင်းဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ် ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေး စခန်းအထိကုန် (၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှု လမ်းကြောင်း အနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

              မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မေ (၁၉)ရက်နေ့မှ (၂၀)ရက်နေ့အတွင်း သွင်းကုန် တင်သွင်းနိုင်ခြင်း မရှိပါ။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ(၃၁၀၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၂၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၁၁) ကျပ်ဖြင့်  အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

Border Trade News

Pages