မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Fri, 03/08/2024 - 05:28 -- DotBorderdep

              မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မတ်လ(၃)ရက်နေ့မှ (၄)ရက်နေ့ အတွင်း ပို့ကုန် ငါးကြိတ်သား (၁) တန်လျှင် (၁၈၁၉) ဒေါ်လာနှုန်းဖြင့် (၂၇) တန် ၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်းကို အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်များ လျှောက်ထားရယူ၍ မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့် တင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန် (၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှု လမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရ ပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မတ်လ(၃)ရက်နေ့မှ (၄)ရက်နေ့ အတွင်း သွင်းကုန် တင်သွင်းမှု ပုဇွန်စာ (၆၀)တန်၊ တန်ဖိုး(၀.၀၁၈)ဒေါ်လာသန်းကို တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၈၉၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၃၁၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁)ဘတ်လျှင် (၉၉.၅) ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Border Trade News

Pages