မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Fri, 03/08/2024 - 05:24 -- DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဘက်ထိုင်းနိုင်ငံသို့ ၄-၃-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ(၁)တန်လျှင် (၃၈၀.၃၀)ဒေါ်လာဖြင့် (၁၂၆၂.၁၆၀)တန်၊ (၀.၄၈၀)ဒေါ်လာသန်း၊ ငရုတ်(အခြောက်) (၁)တန်လျှင် (၁၅၂၇.၁၀)ဒေါ်လာဖြင့် (၂၀၄.၉၆၄)တန်၊ (၀.၃၁၃)ဒေါ်လာသန်း၊  ချုပ်ပြီး အဝတ်အထည်(CMP)(၁)U လျှင် (၅.၀၁၂)ဒေါ်လာဖြင့် (၂၄၁၄၄)တန်၊ (၀.၁၂၁)ဒေါ်လာသန်း၊ ပီလောပီနံ (အခြောက်) (၁)တန်လျှင် (၁၄၉.၅၇)ဒေါ်လာဖြင့် (၇၀၂)တန်၊ (၀.၁၀၅)ဒေါ်လာသန်း၊ ငရုတ်(အစို) (၁)တန် လျှင် (၃၆၂.၀၄)ဒေါ်လာဖြင့် (၉၁.၁၅)တန်၊ (၀.၀၃၃)ဒေါ်လာသန်းနှင့် ပလပ်စတစ်ဖြတ်စ (၁)တန်လျှင် (၄၇၀.၅၉)ဒေါ်လာဖြင့် (၁၇)တန်၊ (၀.၀၀၈)‌ဒေါ်လာသန်း တို့ဖြစ်ပါသည်။

          ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက် ပေးလျက်ရှိပါသည်။

          ၄-၃-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း (၀.၁၄၆)ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းများ (၀.၀၅၇)ဒေါ်လာသန်း၊ ပရိဘောဂပစ္စည်းများ (၀.၀၂၆)‌ ဒေါ်လာသန်း၊ စက်မှုကုန်ကြမ်းပစ္စည်းများ (၀.၀၂၅)ဒေါ်လာသန်း၊ ဘတ္ထရီပစ္စည်းများ (၀.၀၂၄)ဒေါ်လာသန်း၊ စက်နှင့်စက်အပိုပစ္စည်းများ (၀.၀၂၁)ဒေါ်လာသန်း၊ စားသောက်ကုန်ပစ္စည်းများ (၀.၀၁၀)ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၀၇)‌ဒေါ်လာသန်း၊ လျှပ်စစ်ပစ္စည်းများ (၀.၀၀၆)ဒေါ်လာသန်း နှင့် လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ(၀.၀၀၄)ဒေါ်လာသန်းတို့ဖြစ်ပါသည်။

          ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၁၀၀)ကျပ်ရှိပြီး ယခုအပတ်တွင် (၁၀၀)ကျပ် ဖြစ်၍ ဘတ်စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

          မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မှ ၄ ရက်နေ့အထိ အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၂.၁၉၂) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၃.၇၉၀) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၅.၉၈၂) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Border Trade News

Pages