မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Thu, 02/22/2024 - 04:10 -- mocadmin

   မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ၁၉-၂-၂၀၂၄ ရက်နေ့တွင် အများဆုံးတင်ပို့ခဲ့ သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်(အခြောက်) ၇၃.၉၂၆ တန်၊ ကြက်သွန်နီ ၂၂၁.၀၈ တန်၊ ပီလော ပီနံ (အခြောက်) ၁၉၅ တန်၊ ငရုတ်(အစို) ၅၇.၁၂၅ တန်၊ မန်ကျည်းသီး(အစေ့ပါ) ၃၂ တန်၊ ဇီးဖြူသီး (အခြောက်) ၁၇.၈ တန်နှင့် နနွင်းတက် ၁၀ တန်တို့ဖြစ်ပါသည်။

   ၁၉-၂-၂၀၂၄ ရက်နေ့တွင် အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စ တစ်ကုန်ပစ္စည်းများ၊ အလှကုန်များ၊ စားသောက်ကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းများ၊ ဘတ္ထရီ၊ အခြားစက္ကူများ၊ ချည်ထည်များ၊ စက်အပိုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူး‌ရေးနှင့် တပ်ဆင်ရေးပစ္စည်းတို့ ဖြစ်ပါသည်။

DOT (မြဝတီ)

Border Trade News

Pages