မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Tue, 01/10/2023 - 07:49 -- DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်

      မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု အနေဖြင့် (၃-၁-၂၀၂၃)မှ (၇-၁-၂၀၂၃)ထိ CMP ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ တင်ပို့မှုများရှိပြီး လယ်ယာထွက်ကုန်ပစ္စည်းများမှ Macadimia Nut ၊ ငရုတ်၊ ဆန်မှုန့်၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ ကော်ဖီစေ့၊ သီဟိုဠ်စေ့၊ ကွမ်းရွက်၊ ဆန်ကွဲ၊ မြေပဲ၊ ပြောင်းမှုန့်၊ ကြာပန်းခြောက်၊ နှမ်း၊ ဒန့်သလွန်သီးခြောက်၊ ဝဥမှုန့်တို့ကို တင်ပို့လျက်ရှိပါသည်။ ရေထွက်ကုန်ပစ္စည်းများမှ ငါးပါးနီ၊ ကျောက်ငါး၊ ငါးတီး၊ ငါးမွှေထိုး၊ ငါးပြေမ၊ ကကူယံ၊ ငါးသလောက်၊ ငါးဓားလွယ်၊ ငမုတ်၊ ကဏန်း၊ ငါးခွေးလျာ၊ ပုစွန်တို့ တင်ပို့လျက်ရှိပါသည်။ CMP တင်ပို့မှုမှ အမျိုးသမီးဝတ် ဘောင်းဘီတို၊ အမျိုးသား ဝတ်ဂျာကင်/ ရှပ်အင်္ကျီ/ အတွင်းခံအင်္ကျီ/ ဘောင်းဘီတို၊ အမျိုးသမီးဝတ် ဆွယ်တာ၊ Temperature Sensor ၊ Aluminium Scrap ၊ အမျိုးသမီးဝတ် ကုတ်အင်္ကျီ၊ တီရှပ်၊ အတွင်းခံအင်္ကျီ၊ Foot Wear Shoe တို့ကို တင်ပို့လျက်ရှိပါသည်။ အများဆုံး ပို့ကုန်ပစ္စည်းကတော့ CMP ၊ ငရုတ်၊ ရေထွက်၊ ဆန်မှုန့်၊ ကြက်သွန်နီ၊ ကော်ဖီစေ့၊ ပြောင်းမှုန့်၊ နှမ်း၊ ဝဥမှုန့် တို့ဖြစ်ပါသည်။ ကိုဗစ်အလွန်ကာလတွင် ထိုင်းနိုင်ငံ သို့ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများတွင်ကျယ်စွာ အသုံးပြုလာခြင်း၊ ဟင်းလျာများတွင် ထည့်သွင်း ချက်ပြုတ်စားသောက်ခြင်း၊ စားသောက်ကုန် လုပ်ငန်း စားသောက်ဆိုင်များတွင် အသုံးပြုရန် လိုအပ်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပို့ကုန်ပစ္စည်း များဖြစ်သည့် ဆန်မှုန့်၊ ငရုတ်တို့ကို ထိုင်းနိုင်ငံမှ ဝယ်လိုအားမြှင့်တက်နေ၍ ယခင်နှစ် ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါသည်။ Aluminium Scrap အား အရည်ကျို၍ ကုန်ချောများ ပြန်လည် ထုတ်လုပ်ရန်အတွက် ဝယ်ယူခြင်းဖြစ်ပါသည်။ ရေထွက် ပစ္စည်း တင်ပို့မှုသည် မဲဆောက်မှ တဆင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အထိ အချိန်မီတင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။ ရေထွက်ကုန်ပစ္စည်း များအား ကုန်သွယ်မှုလမ်းကြောင်းတလျှောက်၊ ကုန်သွယ်ရေးဇုန်၊ BCF တံတား-၂ တို့မှတဆင့် တစ်ဖက်နိုင်ငံသို့ အမြန်ရောက်ရှိရေးအတွက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုနည်းတူ ကုန်စိမ်း ပို့ကုန်များဖြစ်ကြသည့် ကြက်သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်တို့ကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဂျူတီယာဉ်များ၏ ကုန်ပစ္စည်း ကြေညာလွှာပါပစ္စည်း၊ ယာဉ်ပေါ်ပါပစ္စည်းနှင့် တန်ဖိုးများကိုက်ညီမှု ရှိ/မရှိကို သက်ဆိုင်ရာဌာန အနေဖြင့် စနစ်တကျ စစ်ဆေးဆောင်ရွက်လျက် ရှိပါသည်။

       သွင်းကုန်တင်သွင်းမှုအနေဖြင့် Garment ၊ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်နှင့် စက်အပိုပစ္စည်များ၊ ဆေးဝါး၊ စက်ရုံသုံးကုန်ကြမ်း ပစ္စည်းများ၊ ဖိနပ်များ၊ အသင့်ချုပ်ပြီး အဝတ် အထည်များ၊ သစ်သီး၊ အိမ်သုံးပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ စားသောက်ကုန်ပစ္စည်း၊ အလှကုန်များ တင်သွင်း လျက်ရှိပါသည်။ ချည်ပိတ်လိပ်များ၊ ကြွေပြား၊ စားသောက်ကုန်၊ အိမ်သုံးပစ္စည်း၊  ဆေးဝါး၊ စက်ရုံသုံးပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်း၊ Lubricant အများဆုံး တင်သွင်းခဲ့ပါသည်။ (၅-၁-၂၀၂၃) ရက်နေ့မှစ၍ သွင်းကုန်ယာဉ်များ အနေဖြင့် လမ်းခရီးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ပုံမှန်အတိုင်း သွားလာလျက်ရှိပါသည်။ သွင်းကုန်တင်သွင်း ကုန်သည်များအနေဖြင့် ယခု လဆန်းပိုင်းတွင် ဘတ်ဈေးသည် တစ်ဘတ်လျှင်(၇၉.၃၆)ကျပ်ထိရှိခဲ့ပြီး ယခုဒုတိယပတ်ကာလအတွင်း တစ်ဘတ်လျှင် (၈၁.၉၆) ကျပ်ခန့်အထိ ဘတ်ဈေး အနည်းငယ်ပြန်တက်လာသောကြောင့် ဘတ်ဈေး အတက်အကျ မတည် ငြိမ်ခြင်းကြောင့် သွင်းကုန်တင်သွင်းမှု အနည်းငယ်လျော့နည်းမှုရှိကြောင်း သိရှိရပါသည်။

Border Trade News

Pages