မောတောင်ကုန်သွယ်ရေးစခန်း ကုန်သွယ်မှုအခြေအနေ

Fri, 03/22/2024 - 05:09 -- bordertrade

           မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ(၁၈) ရက်နေ့မှ (၁၉)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၄၀၂) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၀၆) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၄၀၈) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

        မောတောင်ကုန်သွယ်ရေးစခန်းမှ မတ်လ(၁၈) ရက်နေ့ မှ (၁၉) ရက်နေ့အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၁၃၂.၄၀၀) တန်၊ (၀.၀၆၀၅) ဒေါ်လာသန်း၊ ငရုတ်သီး (၁၉၇.၄၆၆) တန်၊ တန်ဖိုး (၀.၁၃၂၃) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၂၈.၅၅၀) တန်၊ တန်ဖိုး (၀.၀၄၇၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၁.၅၀၀) တန်၊ တန်ဖိုး (၀.၀၀၀၆) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၈၆၅.၄၅၀) ဒေါ်လာနှုန်း၊ ပုစွန် (၁၄၂၈.၆၃၅) ဒေါ်လာနှုန်း၊ ကဏန်း (၂၆၃.၂၃၀) ဒေါ်လာနှုန်း၊ ကင်းမွန် (၂၁၈၀.၈၀၀) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၄၅၆.၉၄၉) ဒေါ်လာနှုန်း၊ ငရုတ်သီး (၆၆၉.၉၈၉) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေး နှုန်းမှာ - သစ်သီး (၄၀၀.၀၀၀) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

Border Trade News

Pages