မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Thu, 03/28/2024 - 07:20 -- bordertrade

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ(၂၀) ရက်နေ့မှ (၂၃)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၁၃၇၂) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၁၃၇၆) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁.၂၇၄၈) သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ မတ်လ(၂၀) ရက်နေ့ မှ (၂၃) ရက်နေ့ အထိ လယ်ယာ ထွက်ကုန် ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၄၃၇.၉၃) တန်၊ (၀.၂၁၉၀) ဒေါ်လာသန်း၊ ငရုတ်သီး (၃၂၃.၁၄၁) တန်၊ တန်ဖိုး (၀.၂၁၈၁) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၂၇၉.၁၂၀) တန်၊ တန်ဖိုး (၀.၆၉၇၇) ဒေါ်လာသန်း၊ သစ်တောထွက် ပစ္စည်းအနေဖြင့် ဓနိဖက် (၁၈) တန်၊ တန်ဖိုး (၀.၀၀၂၄) ဒေါ်လာသန်း  တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၅၃.၅) တန်၊ တန်ဖိုး (၀.၀၁၇၈) ဒေါ်လာသန်း၊ ကြွေပြား (၁၂၅၃၅)M2 ၊ တန်ဖိုး (၀.၀၃၀၇) ဒေါ်လာသန်း၊ ကျောက်ပြား (၁၄၇.၅) တန်၊ တန်ဖိုး (၀.၀၂၈၉) ဒေါ်လာသန်း၊  ငါးသေတ္တာဘူးခွံ (၅) တန်၊ တန်ဖိုး (၀.၀၀၁၇) ဒေါ်လာသန်း၊ ပုစွန်သားပေါက် (၅၀၀၀၀၀၀) U၊ တန်ဖိုး (၀.၀၀၂၈) ဒေါ်လာသန်း၊ A4 စက္ကူ (၇) တန်၊ တန်ဖိုး (၀.၀၀၈၉) ဒေါ်လာသန်း၊ အမွှေးဆီ (၃၇.၉၀၈) တန်၊ တန်ဖိုး (၀.၀၄၄၅) ဒေါ်လာသန်း၊ ဖိနပ် (၁၉၂၀၀) ရံ၊ တန်ဖိုး (၀.၀၀၂၃) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၈၉၅.၃၆၉) ဒေါ်လာနှုန်း၊ ပုစွန် (၁၆၇၀၂.၂၁) ဒေါ်လာနှုန်း၊ ကဏန်း (၂၈၃၈.၆၄) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၅၈၉.၀၅) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၅၀၀.၀၈၀) ဒေါ်လာနှုန်း၊ ငရုတ်သီး (၆၆၉.၉၈၉) ဒေါ်လာနှုန်း၊ ဓနိဖက် (၁၃၃.၃၃၃) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေး နှုန်းမှာ - သစ်သီး (၃၃၂.၇၁၀) ဒေါ်လာနှုန်း၊ ကြွေပြား (၂.၄၄၉) ဒေါ်လာနှုန်း၊ ကျောက်ပြား (၁၉၅.၉၃၂) ဒေါ်လာနှုန်း၊ ငါးသေတ္တာဘူးခွံ (၃၄၀) ဒေါ်လာနှုန်း၊ ပုစွန်သားပေါက် (၅.၆) ဒေါ်လာနှုန်း၊ A4 စက္ကူ (၁၂၇၁.၄၂၈) ဒေါ်လာနှုန်း၊ အမွေးဆီ (၁၁၇၃.၈၉၅) ၊ ဖိနပ်တစ်ရံ (၀.၁၁)  ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံး ပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၄-၃-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၉၈၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၀၁.၀၅) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်တက်ခဲ့ ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Border Trade News

Pages