မောတောင်ကုန်သွယ်ရေးစခန်းမှ ငရုတ်သီးစိမ်း ထိုင်းနိုင်ငံဘက်သို့ တင်ပို့မှုအခြေအနေ

Thu, 02/23/2023 - 05:36 -- DotBorderdep

          မောတောင်မြို့ဒေသဝန်းကျင်တွင် ငရုတ်သီးစိမ်းကို အများအပြားစိုက်ပျိုးလျက်ရှိပြီး ထိုင်းနိုင်ငံ ဘက်သို့ တင်ပို့လျက်ရှိသည်။

          ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ (၂၁) ရက်နေ့အထိ မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံ ဘက်သို့ ငရုတ်သီးစိမ်း (၄.၄၀) တန်ကျော် တင်ပို့နိုင်ခဲ့သည်။

          လက်ရှိပေါက်ဈေးအနေဖြင့် ငရုတ်သီးစိမ်း (1) KG လျှင် (28) ဘတ်ရရှိပြီး မောတောင်ကုန်သွယ်ရေး စခန်းမှ ထိုင်းနိုင်ငံဘက်သို့ ပုံမှန်အားဖြင့်  အပတ်စဉ် ငရုတ်သီးစိမ်း (1400) KG မှ (2100) KG အကြား တင်ပို့ လျက်ရှိကြောင်း တွေ့ရှိရသည်။ ထိုင်းနိုင်ငံဘက်သို့ ငရုတ်သီးစိမ်းတင်ပို့ရာတွင် အကောက်ခွန် သက်သာခွင့်ဆိုင်ရာအကျိုးခံစားခွင့် (Form-D)ဖြင့် တင်ပို့ရောင်းချလျက်ရှိပြီး မောတောင်ဒေသရှိ ငရုတ်စိုက် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိလျက်ရှိသည်။

Border Trade News

Pages