တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Wed, 06/12/2024 - 05:58 -- bordertrade

                    တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁-၆-၂၀၂၄ မှ ၇-၆-၂၀၂၄) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၁၆,၇၅၄.၈၄၀) တန်၊ တန်ဖိုး (၃.၉၂၃) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၂၇.၀၀) တန်၊ တန်ဖိုး (၀.၀၇၀) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၃၀၁.၀၀၀) တန်၊ တန်ဖိုး (၀.၅၇၃) ဒေါ်လာသန်း၊ လိမ္မော်သီး (၇၉.၂၀၀)တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၃၄.၀၀၀)တန်၊ တန်ဖိုး (၀.၀၈၇) ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၃၃.၆၀၀)တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ ဝဥခြောက် (၁၅.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ MANGANESE DIOXIDE (၂၄၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ (၅၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၁၈၄.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၄.၇၇၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ် (၁) သိန်းလျှင် (၈၅၇.၁၄၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

                 တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၁-၆-၂၀၂၄ မှ ၇-၆-၂၀၂၄) တွင် ဓာတ်ဆီ (၂,၀၉၃) BBL၊ တန်ဖိုး (၀.၂၁၀) ဒေါ်လာသန်း၊ ဒီဇယ် (၂,၆၂၀) BBL ၊ တန်ဖိုး (၀.၂၈၅) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၂၀၇) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၀၃၅) ဒေါ်လာသန်း၊ လယ်ယာသုံး နောက်တွဲယာဉ်နှင့် အခြားယာဉ်များ (၀.၅၄၆) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၉၉) ဒေါ်လာသန်း၊ စက်ဆီချောဆီ (၀.၀၁၃) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၀၁၀) ဒေါ်လာသန်း၊ သုတ်ဆေးနှင့် ပေါလစ်များ (၀.၀၁၆) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်း ပစ္စည်းများ (၀.၀၄၉) ဒေါ်လာသန်း၊ တာယာနှင့် ကျွတ်များ (၀.၀၀၃) ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းမျိုးစုံ (၀.၀၀၄) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၁၃) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၂၃၄) ဒေါ်လာသန်း အပါအဝင် သွင်းကုန် တန်ဖိုး (၁.၈၂၄) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Border Trade News

Pages