တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Wed, 06/05/2024 - 10:22 -- DotBorderdep

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၅-၅-၂၀၂၄ မှ ၃၁-၅-၂၀၂၄) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၁၇,၇၅၂.၁၀၀) တန်၊ တန်ဖိုး (၄.၀၄၉) ဒေါ်လာသန်း၊ ကြက်သွန်နီ (၂၂၉.၆၈၄) တန်၊ တန်ဖိုး (၀.၁၁၇) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၃၀၁.၀၀၀) တန်၊ တန်ဖိုး (၀.၄၉၃) ဒေါ်လာသန်း၊ လိမ္မော်သီး (၂၆.၄၀၀)တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၃၄.၀၀၀)တန်၊ တန်ဖိုး (၀.၀၈၆) ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၃၃.၆၀၀)တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ ပုစွန်ဖွဲ (၂၀၁.၆၀၀)တန်၊ တန်ဖိုး (၀.၀၉၇) ဒေါ်လာသန်း၊ MANGANESE DIOXIDE (၁၅၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ (၅၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၂၀၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၄.၉၂၂) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ် အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ် (၁) သိန်းလျှင် (၈၃၃.၅၅၃) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၂၅-၅-၂၀၂၄ မှ ၃၁-၅-၂၀၂၄) တွင် ဓာတ်ဆီ (၂,၆၉၁) BBL၊ တန်ဖိုး (၀.၂၇၄) ဒေါ်လာသန်း၊ ဒီဇယ် (၁,၈၃၄) BBL ၊ တန်ဖိုး (၀.၁၉၅) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၂၆၇) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၁၂၈) ဒေါ်လာသန်း၊ လယ်ယာသုံး နောက်တွဲယာဉ်နှင့် အခြားယာဉ်များ (၀.၄၃၅) ဒေါ်လာသန်း၊ ကွန်ပျူတာနှင့် သက်ဆိုင် သောပစ္စည်းများ (၀.၁၂၂) ဒေါ်လာသန်း၊  ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၀၁) ဒေါ်လာသန်း၊ ဓာတု ဗေဒပစ္စည်းများ (၀.၀၅၇) ဒေါ်လာသန်း၊ သုတ်ဆေးနှင့် ပေါလစ်များ (၀.၀၀၅) ဒေါ်လာသန်း၊ ပလပ် စတစ်ကုန်ကြမ်း ပစ္စည်းများ (၀.၀၄၂) ဒေါ်လာသန်း၊ တာယာနှင့် ကျွတ်များ (၀.၀၂၂) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၀၀၁) ဒေါ်လာသန်း၊ ပရိဘောဂပစ္စည်းများ (၀.၀၀၇) ဒေါ်လာသန်း၊  မီးဖိုချောင် သုံးပစ္စည်းများ (၀.၀၀၅) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၂၇၀) ဒေါ်လာသန်း အပါအဝင် သွင်းကုန်တန်ဖိုး (၁.၉၃၀) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Border Trade News

Pages