တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Thu, 03/28/2024 - 07:04 -- bordertrade

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၆-၃-၂၀၂၄ မှ ၂၂-၃-၂၀၂၄) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၁၁,၄၂၀.၀၇၂) တန်၊ တန်ဖိုး (၂.၅၉၉) ဒေါ်လာသန်း၊ ကြက်သွန်နီ (၂၂၆.၅၀၀) တန်၊ တန်ဖိုး (၀.၁၂၄) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၃၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၉၀) ဒေါ်လာသန်း၊ လိမ္မော်သီး (၅၂.၈၀၀) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ ထောပတ်သီး (၁၁၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၆၃)ဒေါ်လာသန်း၊ Aromatic Ginger (၃၂.၅၀၀)တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၂၄.၉၀၀)တန်၊ တန်ဖိုး (၀.၀၃၇) ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၁၆.၈၀၀)တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ စကျင်ကျောက် (၁၅.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၀၃) ဒေါ်လာသန်း၊ တံမြက်စည်း (၇၄.၅၀၀) တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၈၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်းနှင့်  ပလတ်စတစ်ဖြတ်စ (၂၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၉) အပါအဝင် ပို့ကုန်တန်ဖိုး (၂.၉၉၈) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ်(၁) သိန်းလျှင် (၉၇၁.၃၈၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၁၆-၃-၂၀၂၄ မှ ၂၂-၃-၂၀၂၄) တွင် ဓာတ်ဆီ (၃,၂၈၉) BBL ၊ တန်ဖိုး (၀.၃၃၀) ဒေါ်လာသန်း၊ ဒီဇယ် (၁,၅၇၂) BBL ၊ တန်ဖိုး (၀.၁၇၇) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၄၆၄) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ (၀.၄၇၁) ဒေါ်လာသန်း၊ Solar Pannel (၀.၀၀၉) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်း (၀.၂၅၅) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်း (၀.၀၁၁) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၁၃၂) ဒေါ်လာသန်း ၊ အခြားစက္ကူများ (၀.၀၃၀) ဒေါ်လာသန်း၊ တာယာနှင့် ကျွတ်များ (၀.၀၁၇) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၀၁၅) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၇၈) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၀၉၆) ဒေါ်လာသန်း အပါအဝင် သွင်းကုန် တန်ဖိုး (၂.၀၈၆) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Border Trade News

Pages