ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၊ ဇွန်လ (၁၁) ရက်နေ့မှ ဇွန်လ (၁၅) ရက်နေ့ထိ ကုန်သွယ်မှုအခြေအနေ

Thu, 06/20/2024 - 04:43 -- bordertrade

                ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဇွန်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၄.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၅.၀၀၀) ဒေါ်လာ သန်းဖြစ်ပြီး ဇွန်လ (၁၅) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၈.၄၆၁) ဒေါ်လာသန်း၊ သွင်းကုန် (၆.၈၇၅) ဒေါ်လာသန်း၊ စုစုပေါင်း (၁၅.၃၃၆) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၃၀၆.၇၁၄%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

              ဇွန်လ (1၅) ရက်နေ့ထိ ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရုံသီး၊ ငရုတ်ခြောက်၊ ကြက်သွန်နီ၊ ချဉ်ပေါင်ဖာလာ၊ သရက်ပြားချောက်၊ ပဲမျိုးစုံ၊ ကော်ဖီစေ့၊ ကွမ်းသီးအစို၊ အလူမီနီယံဖြတ်စ၊ ခဲစက္ကူနှင့် မကျည်းသီး(အစေ့ပါ)ိိတင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်း များ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီး များနှင့် စက်သုံးဆီများတင်သွင်းနိုင်ခဲ့ပါသည်။

              ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်မှ (၁၅) ရက်နေ့အထိ ပို့ကုန် ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇) ဒေါ်လာတို့ဖြင့် တန်ချိန် (၁၂၅) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း၊ ဖရုံသီး တန်ချိန် (၁၇) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ငရုတ်ခြောက် တန်ချိန် (၂၈) တန်၊ တန်ဖိုး (၀.၀၄၁) ဒေါ်လာသန်း၊ ကြက်သွန်နီ တန်ချိန် (၄၆၇.၅) တန်၊ တန်ဖိုး (၀.၁၉၁) ဒေါ်လာသန်း၊ ချဉ်ပေါင်ဖာလာ တန်ချိန် (၈၂.၅)တန်၊ တန်ဖိုး (၀.၁၆၅) ဒေါ်လာသန်း၊  မကျည်းသီး (အစေ့ပါ) တန်ချိန် (၅၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း နှင့် ပဲမျိုးစုံ တန်ချိန် (၁၀၆၆) တန်၊ တန်ဖိုး (၀.၇၅၃) ဒေါ်လာသန်းတို့ တင်ပို့နိုင်ခဲ့ပါသည်။

              အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ ကြွေပြား၊ ကားတာယာ၊ လိမ္မော်သီး၊ ပန်းသီး၊ သစ်တော်သီး၊ လူသုံးအဝတ်အထည်များနှင့် စက်သုံးဆီပစ္စည်းများဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှုပစ္စည်းတန်ချိန် (၃၇၄.၇၀၀) တန်၊ တန်ဖိုး (၀.၄၅၂) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၆၉.၉၀၀)တန်၊ တန်ဖိုး (၁.၄၁၇)ဒေါ်လာသန်းနှင့်လူသုံးကုန်ပစ္စည်း တန်ချိန် (၆၅၇.၉၀၀) တန်၊ တန်ဖိုး (၀.၄၀၅) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

              ကံပိုင်တည်ကုန်သွယ်ရေးစခန်းတွင် OSS အဖွဲ့ဝင်ဌာနများ၊ မိတ်ဖက်ဌာနများဖြင့် ကုန်ပစ္စည်း စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှုလွယ်ကူမြန်ဆန်စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင် ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

                   ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

Border Trade News

Pages