ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Fri, 03/08/2024 - 05:35 -- DotBorderdep

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ မတ်လ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၂၄.၅၀၀) သန်း ဖြစ်ပြီး (၄-၃-၂၀၂၄) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ (၄.၇၇၇)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ သဖြင့် လျာထားချက်အပေါ် (၁၉ .၄၉၇ % ) ဆောင်ရွက်နိုင်ခဲ့ပါသည်။

             ၂၀၂၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှ ၄ ရက်နေ့ အထိ ပို့ကုန်တန်ချိန် (၁၇၈၀.၆၄၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၆၇၇)သန်းနှင့် သွင်းကုန်တန်ချိန် (၃၅၉.၅၅၂)တန် ၊ (၁၁၀၈၆)U ၊ (၁၂၀၉၆)L ၊ (၁၅၀၀) BBL ၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၄၆၂)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ(၂.၁၃၉) သန်းဖြစ်ပါသည်။

                 ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ရေထွက်ပစ္စည်းအုပ်စုတွင် (၁၇၃၇.၃၆၅)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၆၀၃)သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် (၄၃.၂၈၀) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၇၄) သန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

             စဉ်        အမည်        အရေအတွက်      ဈေးနှုန်း

          (၁)     စက်ကလပ်    ၁ ကီလိုဂရမ်   ၁.၀၀၀ ဒေါ်လာ

          (၂)     ပလာလန်း     ၁ ကီလိုဂရမ်   ၁.၁၀၀ ဒေါ်လာ

          (၃)     ပုဇွန်ဖြူ         ၁ ကီလိုဂရမ်   ၆.၉၀၀ ဒေါ်လာ

          (၄)     လူးစီ(200-300 gm)   ၁ ကီလိုဂရမ်   ၁.၂၀၀ ဒေါ်လာ

          (၅)     ငါးဗျောသီး(100-200 gm)     ၁ ကီလိုဂရမ်   ၀.၇၅၀ ဒေါ်လာ

          (၆)     ပုဇွန်ကြမ်း      ၁ ကီလိုဂရမ်   ၅.၂၀၀ ဒေါ်လာ

          (၇)    ကင်းမွန်လိပ်(70 gm down)      ၁ ကီလိုဂရမ်   ၂.၀၁၀ ဒေါ်လာ

          (၈)     ကင်းမွန်ရှည်(8-12 cm)        ၁ ကီလိုဂရမ်   ၂.၁၀၀ ဒေါ်လာ

          (၉)     သဲဂဏန်း       ၁ ကီလိုဂရမ်            ၃.၈၉၀ ဒေါ်လာ

`       (၁၀)    ငါးချဉ်ပေါင်(300-400 gm)       ၁ ကီလိုဂရမ်   ၁.၁၀၀ ဒေါ်လာ

 

Border Trade News

Pages