ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှု အ​ြေခအနေ

Tue, 02/21/2023 - 03:50 -- DotBorderdep

    ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း  ဖြစ်သည်။

    ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၀၆၅၅)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၉.၉၈၃)သန်း၊ သွင်းကုန်တန်ချိန် (၅၅၈၅)၊ (၅၀) U၊ (၇၆၄၅) BBL၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁.၁၄၃)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၁၂၆ သန်း ဖြစ်သည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းမှာ ငါးမျိုးစုံနှင့် ကင်းမွန်၊ ဆီအုန်း၊ အုန်းဖက်အက်ဆစ်၊ ဓနိအုန်း တို့ဖြစ်ပြီး၊  အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဓာတ်ဆီ၊ ဒီဇယ်၊ ပီလောပီနံမှုန့်၊ ဟိုက်ဒရိုဂျင်ပါ အောက်ဆိုဒ်၊ ဆိုဒီယမ်ကာဗွန်နိတ်၊ အနံ့ရည်၊ ဆား၊ ရေခဲပုံး၊ ဆီလီကွန်၊ မီးသွေးမှုန့်၊ ထုံးမှုန့်၊ ကုန်စုံ၊ ဘက်ထရီ တို့ဖြစ်ကြောင်း သိရှိရသည်။

Border Trade News

Pages