ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Wed, 06/19/2024 - 04:02 -- mocadmin

   နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်း များကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဇွန်လ ၁၇ ရက်​နေ့တွင် အေးရှားဝေါဆိပ်ကမ်း (AWPT-2) မှ ပြောင်းစေ့တန်ချိန် ၅,၄၀၀ တန် နှင့် မင်းထက်မင်းဆိပ်ကမ်း (MHM)မှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ တန် တင်ပို့ခဲ့သည်။

   ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ဆူးလေဆိပ်ကမ်း (SPW) မှ ဆန်တန်ချိန် ၅၈,၈၀၀ တန်၊ အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(AIPT)မှ ပြောင်းစေ့တန်ချိန် ၃၃,၀၀၀ တန်၊ ဆန် တန်ချိန် ၁၂,၅၀ဝ တန်၊  ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း(The Myanmar Terminal-TMT)မှ ဆန် တန်ချိန် ၁၀,၀၀ဝ တန်၊ ပြောင်း​စေ့တန်ချိန် ၂၅,၀၀၀ တန်၊ Yangon International Gateway Terminal (YIGTL)မှ ဆန်တန်ချိန် ၁၂,၅၀၀ တန်၊​ ​ Myanmar Integrated port Limited terminal (MIPL)မှ ​ပြောင်းစေ့တန်ချိန် ၂၅,၀၀၀ တန်၊ မင်းထက်မင်းဆိပ်ကမ်း(MHM)မှ ပြောင်းစေ့တန်ချိန် ၂,၇၀၀ တန်၊ သီလဝါဆိပ်ကမ်း (Myanmar International Terminal Thilawa) မှ ပြောင်းစေ့တန် ချိန် ၁၀,၈၀၀ တန်၊ မြန်မာ့စက်မှုဆိပ်ကမ်း(Myanmar Industrial Port-MIP)မှ ဆန်တန်ချိန် ၁၀,၀၀၀ တန်၊  ပြောင်းဖူးစေ့တန်ချိန် ၂၇,၅၀၀ တန်၊ သီလဝါဆိပ်ကမ်း (Thilawa Multipurpose International Terminal-TMIT)မှ ပြောင်းစေ့တန်ချိန် ၅၂၅၀၀ တန်၊  Wilmar (Wilmar Interna-tional Port Terminal) မှ ပြောင်းဖူးစေ့တန်ချိန် ၂၁,၀၀၀ တန်၊ မုတ္တမဆိပ်ကမ်းမှ ပြောင်းစေ့ တန်ချိန် ၂၇၀၀ တန်နှင့် ရွှေမဲဆိပ်ကမ်းမှ ပြောင်းစေ့တန်ချိန် ၂,၇၀၀ တန် ဆက်လက်တင်ပို့သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages