admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် မေ ၆ ရက်မှ ၁၂ ရက်အထိ ရက်သတ္တပတ် အတွင်း အမေရိကန်ဒေါ်လာ ၄၅၃၉၀ တန်ဖိုးရှိ ကော်ဖီစေ့ ၅၁ တန်ကျော်ကို  တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၃၃ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၁၈ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။

admin_ygn

ပြည်(ပွဲရုံ) ဈေးကွက်အတွင်းသို့ ကြက်သွန်ဖြူအသစ်တွေ ဝင်ရောက်လာတာတွေ့ရပါတယ်။ အစိုဓာတ်ရှိနေပေမယ့် ဈေးကွက်ဝင်  အရွယ်အစားရှိပြီး၊ ဈေးနှုန်းကျဆင်းတာကြောင့်လည်း အရောင်းအဝယ်ကျ မသွားဘဲ ပုံမှန်ရောင်းဝယ်နေတာတွေ့ ရပါတယ်။ ကြူကုတ်စရော၊ ရှမ်းစပါ အသစ်တွေချည်း ဝင်ရောက်လာတာ တွေ့ရပါတယ်။ယခုတစ်ပတ် ကြက်သွန်ဖြူဈေးတွေကတော့ ပြည်(ပွဲရုံဈေး) လက်ကားတစ်ပိဿာလျှင် ရှမ်းစ ကျပ် ၃၃၀၀ မှ ကျပ် ၃၅၀၀ ထိရှိပြီး၊ ကြူကုတ်စ တစ်ပိဿာ  ကျပ် ၅၇၀၀ တို့ဖြစ်ပါတယ်။ လက်လီဈေးများတွင်တော့ ရှမ်းစ ကျပ် ၄၅၀၀ နှင့် ကြူကုတ်စ ကျပ် ၆၈၀၀ ဈေးတို့ဖြင့် ရောင်းချလျက်ရှိပါတယ်။ အဝင်အနေဖြင့် ပြည်ဈေးကွက်အတွင်း မှာ ကြက်သွန်ဖြူအဟောင်းလက်ကျန် ကိုသာ ရော

admin_ygn

ပဲခူးတိုင်းဒေသကြီး၊   ပြည်ခရိုင်အတွင်း သစ်သီးဝလံ ဈေးကွက်သို့ မေလဆန်းမှစ၍ သရက်သီးမှည့်များ စတင် ဝင်ရောက်လာတာကို တွေ့ရပါတယ်။ ပြည်ခရိုင်၊ ပြည်မြို့နယ် တွင် မြကျောက်၊ ရင်ကွဲ၊ မချစ်စု၊ ဘုတ်ဆုံသီး စသည်ဖြင့် အမျိုးအစားများစွာရှိသော်လည်း   မြကျောက်သရက်သီး အထွက်ပိုများလို့ ပြည်ဒေသရဲ့  ဒေသထွက်လက်ဆောင်တစ်ခု အဖြစ်ပါဝင်နေခဲ့ပါတယ်။  ပြည်အနီးတစ်ဝိုက်နှင့် ပြည်တစ် ဖက်ကမ်း၊ ရွှေဘုံသာမုနိ ဘုရား အနီး ကျေးရွာများမှလည်း မြကျောက်သရက်သီးများ ထွက်ရှိတာကြောင့် ရွှေဘုံသာမုနိ ဘုရားကြီး၏ ဈေးတန်းတစ်လျှောက်မှာ ယခုလိုအချိန် ကာလ များတွင် သရက်သီးအရောင်းဆိုင်များ ပြည့်နှက်လျက်ရှိကြ ကာ အနယ်နယ်အရ

admin_ygn

ကသာခရိုင်အတွင်းရှိ   ကသာ၊ ထီးချိုင့်၊ အင်းတော် မြို့နယ်များမှာ   လိုင်ချီးသီးခေါ်  တရုတ်ဆီးသီးများ အများ အပြား စိုက်ပျိုးကြတဲ့အနက် ကသာမြို့နယ်မှာ အများဆုံးစိုက် ပျိုးတာ တွေ့ရပါတယ်။ ဖေဖော်ဝါရီမှာ ဖူးပွင့်ပြီး  မေမှာမှည့် ပါတယ်။ စားသုံးမှုများလို့   ရောင်းအားကောင်းပါတယ်။ မန္တလေး၊ မုံရွာ၊ ရန်ကုန်၊ ရွှေဘိုမြို့ကြီးများသို့ တင်ပို့ရောင်းချ နေတာတွေ့ရပါတယ်။ကုန်သည်များက အပင်အောက်ဈေးနဲ့ ဝယ်ယူပါတယ်။ အလုံးတစ်ရာပါတစ်တွဲ  တစ်ထောင်ကျပ်နဲ့ ရောင်းရပါတယ်။ အပင်ကြီးတစ်ပင်မှ ပုံမှန်အတွဲတစ်ရာကျော်ရပါတယ်။အခြား မြို့ကြီးဈေးကွက်မှာ တစ်တွဲကျပ် ၂၅၀၀ ၊ ၃၀၀၀ အထိ ရောင်း ရတယ်

admin_ygn

အောင်ပန်းဈေးကွက်မှာ  ချင်း (စို)  အဝင်နည်းသွားပါတယ်။ တောင်သူတွေ ထံမှာလည်း အနည်းငယ်သာ ကျန်ရှိတော့တယ်လို့သိရပါတယ်။  ဒီနှစ်ထွက်တဲ့   ချင်း(စို) က ပြည် တွင်း/ပြည်ပမှာအဝယ်လိုက်နေလို့ အရောင်းသွက်နေ တယ်လို့လည်း သိရပါတယ်။ ဧပြီလမှာ ပြည်ပဝယ်လက်တွေရှိခဲ့လို့ ဖြုန်းအား  အနည်းငယ်ကောင်း ခဲ့ပါတယ်။ဧပြီလအကုန်မှာတော့ ပြည်ပဝယ်လက်တွေက  နားသွားလို့ ပြည်တွင်းသုံး   ချင်းထိုး သမားတွေသာ အဝယ်ရှိတော့ တယ်လို့လည်း သိရပါတယ်။  မေလဆန်း မှာတော့  အောင်ပန်းဈေးကွက်မှာချင်းကို ဘင်္ဂလားဒေ့ရှ်သို့တင်ပို့ဖို့အတွက် ဝယ် လက်အချို့က ပြန်ပြီး  ဝယ်ယူနေကြပါတယ်။ ဒါပေမယ့် ချင်း(

admin_ygn

  မြဝတီကုန်သွယ်ရေးဇုန်ရဲ့ ဧပြီလ အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၄၆ သန်း၊ သွင်းကုန် အမေရိ ကန်ဒေါ်လာ ၃၈ ဒသမ ၆၇၅ သန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၄၂၁ သန်း ဆောင်ရွက်နိုင်ခဲ့ပါ တယ်။ ဧပြီလုပ်ငန်းဆောင်ရွက်မှုကို ကာလတူဖြစ်တဲ့ ၂၀၁၆ ခုနှစ် ဧပြီ ဆောင်ရွက်နိုင်မှုနဲ့ နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၈၁၁ သန်းနဲ့ သွင်းကုန်အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၇၀ သန်းပိုမို ခဲ့သဖြင့် ကုန် သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၈၁ သန်းပိုမိုခဲ့တယ်လို့ မြဝတီ ကုန်သွယ်ရေးဇုန်မှ သိရပါတယ်။

admin_ygn

    မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းနဲ့ တမူးကုန်သွယ် ရေးစခန်းများမှ ဧပြီ ၂၉ ရက်မှ မေ ၅ ရက်အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ သုည ဒသမ ၆၄၃ သန်းတန်ဖိုးရှိ ကွမ်းသီး ၇၆၃ တန် တင်ပို့ ခဲ့ပါတယ်။ ယခင် တစ်ပတ်က ကွမ်းသီးတန်ချိန် ၆၇၀ တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၉၃ တန် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။တင်ပို့မှုကိုကြည့်ပါက ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၇၀ သန်းတန်ဖိုးရှိ ကွမ်းသီး ၄၅၅ တန်၊ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၇၃ သန်းတန်ဖိုးရှိ ကွမ်းသီး ၃၀၇ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ယခုတစ်ပတ်မှာ ရိဒ်ကုန်သွယ်ရေးစခန်းမှ ကွမ်းသီး တစ်မျိုးသာ တင်ပိ

admin_ygn

    ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ တောင်ကြီးဈေးကွက်မှာ ရှမ်းကြက်သွန်ဖြူတွေ အဝင်လှိုင်လာပါတယ်။ နယ်အစုံကထွက်လာပြီဖြစ်လို့  ဈေးကွက်မှာတစ်ပတ်ကို ပိဿာချိန်ထောင်နှင့်ချီပြီး ဝင်ရောက်မှုရှိနေပါတယ်။ လှောင် လက်တွေ ကလည်း ဝယ်ယူပြီး လှောင်နေသလို၊ ပြည်တွင်းစားသုံးမှုအတွက်ပါ ရန်ကုန်ဝယ်လက် များမှ ဝယ်ယူခြင်း၊ ထိုင်းနိုင်ငံသို့ တင်ပို့ရန်အတွက် ကျိုင်းတုံ၊ တာချီလိတ်မြို့မှ ဝယ်လက်များက   ဝယ်ယူနေခြင်းတို့ကြောင့် အရောင်းအဝယ်မှာလည်း သွက်နေ တယ်လို့သိရပါတယ်။ ဒီနှစ်က ကြက်သွန်ဖြူအထွက်မှာလည်း ပုံမှန်အတိုင်းသာရှိ တာကြောင့် တဖြည်းဖြည်းဈေးတက်လာနိုင်တယ်လို့ ခန့်မှန်းကြပြီး ဝယ်လက်တွေ ကဝယ်လှောင်

admin_ygn

     မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ   ရက်သတ္တပတ် အတွင်း အမေရိကန်ဒေါ်လာ ၄၁၇၆၆၂ တန်ဖိုးရှိ နနွင်းတက်(ရှမ်းစ) ၆၂၄ တန် ကျော်ကို တရုတ်နိုင်ငံသို့   တင်ပို့ခဲ့ပါ တယ်။ ယခင်ရက်သတ္တပတ်က မူဆယ် မှ ၁၁၅ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်ချိန်ငါးရာ ပိုမိုတင်ပို့ ခဲ့တာ တွေ့ရပါတယ်။   ဧပြီလအတွင်း မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ နနွင်း တက်တန်ချိန် ၁၄၀၀ ခန့် တင်ပို့နိုင်ခဲ့ပါ တယ်။

admin_ygn

     ပြည်ပဲဈေးကွက်အတွင်း ကုလားပဲသီးနှံမှာ ဒေသတွင်းသာ အရောင်း အဝယ် ဖြစ်ပေမယ့် ပဲဈေးကတော့ မတ်ပဲ၊ ပဲစင်းငုံသီးနှံများထက် ဈေးကောင်း ရလျက်ရှိခဲ့တယ်လို့ သိရပါတယ်။ တစ်တင်းလျှင် ကျပ် ၃၈၅၀၀ ဖြင့် နေ့စဉ် ပဲအဝင်ရှိသလို ခွဲစက်သမားများလည်း ပုံမှန်ဝယ်ယူခဲ့တာကြောင့် ဈေးလျော့ နည်းသွားခြင်းမရှိဘဲ  ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ပြည်အနီးတစ်ဝိုက်မြို့နယ်များအပြင် မင်းတုန်း၊   ကံမမြို့နယ်များမှလည်း ပြည်ပဲ ဈေးကွက်သို့ နေ့စဉ်အဝင်ရှိခဲ့ပါတယ်။ ဒါကြောင့် အိတ် ၃၀၀ မှ ၄၀၀ ကျော် နေ့စဉ်ဝင်ရောက်သလို ခွဲစက်သမားများမှလည်း အိတ် ၄၀၀ကျော် ဝယ်ယူလို့ ဝင်ရောက်လာသမျှအရောင်းအဝယ်ဖြစ်ခဲ့တယ်လို