admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅၈၅၄၂၀ တန်ဖိုးရှိ ငွေချည်-၆-ဝါဂွမ်း ၂၆၆ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်း ပတ်က ၁၁၂ တန်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မူဆယ်မှ တရုတ်နိုင်ငံ သို့ ဝါဂွမ်းတန် ၁၅၀ ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။
စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နဲ့ ပခုက္ကူခရိုင်တွေမှာ လစဉ် သရုပ်ပြပွဲများ၊ ဝါအကြောင်း သိကောင်းစရာများ၊ စိုက်ပျိုးနည်းစနစ်များ ရှင်းလင်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
မော်မော်အောင်

admin_ygn

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၁၀၀၀ တန်ဖိုးရှိ ပျားရည် တန်ချိန် ၃၀ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၃၂ တန်တင်ပို့ခဲ့တဲ့အတွက် မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပျားရည်ပုံမှန် တင်ပို့နေတယ်လို့ သိရပါတယ်။

admin_ygn

ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ ရက်သတ္တပတ် အတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၁၇၉၀၁ တန်ဖိုးရှိ လက်ဖက် ခြောက် ၄၆ တန်နီးပါးကို  ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က အပို့မရှိဘဲ ဖေဖော်ဝါရီလဆန်းက ၇၅ တန်နီးပါး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ လက်ဖက်အခါးခြောက်ကို ဂျာမနီနိုင်ငံသို့ တင်ပို့ရောင်းချကြောင်းလည်း သိရပါတယ်။ ရှမ်းပြည်နယ်ရှိ စံပြလက်ဖက်ခြောက် စက်ရုံတွင် အခြောက်ခံ ၍ ထွက်ရှိတဲ့ လက်ဖက်ခြောက်ကို စံချိန်စံညွှန်းမီသဖြင့် ဂျာမနီနိုင်ငံမှ ဝယ်ယူခြင်းဖြစ်ကြောင်း သိရပါတယ်။
မော်မော်အောင်

 

admin_ygn

ကလေး၊ တမူးဒေသထွက် မျောက်ငိုသီးများ အထွက် လှိုင်နေပြီဖြစ်၍ တမူးနန့်ဖါလုံဈေးသို့နေ့စဉ်ဆိုင်ကယ်စီးရေ ၃၀ ခန့် ပုံမှန်တင်ပို့နေပြီဖြစ်ကြောင်း ဒေသခံခြံရှင်များထံမှ သိရပါတယ်။ မျောက်ငိုပင်သည် စိန်ပန်းပင်နှင့် သဏ္ဌာန် တူပြီး အသီးကအခိုင်လိုက်ကိုင်းများမှာ သီးပါတယ်။ ပင်စည် ချောကာ သစ်ပင်တက်ကျွမ်းကျင်သော မျောက်များပင်တက် ရန်ခက်ခဲ၍ ဒေသခေါ်မျောက်ငိုပင်လို့  လူသိများပါတယ်။ အိန္ဒိယကသည်းလူမျိုးများ နှစ်ခြိုက်စွာ စားသုံးပြီး၊ မျောက်ငို သီးစားပွဲတော်များပင် နှစ်စဉ်ကျင်းပလေ့ရှိကြောင်း သိရပါ တယ်။

admin_ygn

ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၂ ရက်အတွင်း ကယားပြည်နယ် လွိုင်ကော်မြို့မှ မူဆယ်ဈေးကွက်သို့ တစ်ရက် လျှင် ပြောင်းတန်ချိန် ၁၀၀ ခန့်တင်ပို့လျက်ရှိရာ ယခု တစ်ပတ်အတွင်း တန်ချိန်ပေါင်း ၅၉၉ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
လွိုင်ကော်မှ  တင်ပို့သည့် ပြောင်းများကို  မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးမှတစ်ဆင့် မူဆယ်မြို့သို့ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း တင်ပို့ခဲ့သည့် ပြောင်းတန်ချိန် ၅၉၉ တန်တွင် လွိုင်ကော်မြို့၊ လင်ဖုံလေးရွာမှတစ်ဆင့် မိုးဗြဲ၊ ဖယ်ခုံလမ်းကြောင်း၊ လွိုင်လင်လေးမှတစ်ဆင့် ဆီဆိုင်၊ တောင်ကြီးလမ်းကြောင်း တို့မှတင်ပို့သည့် ပြောင်းတန်ချိန်များ မပါဝင်ကြောင်း သိရသည်။

admin_ygn

မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ပုရစ်ကုန်းကျေးရွာတွရှိ ခရမ်းချဉ်စိုက်တောင်သူများသည် စိုက်ပျိုးစရိတ် များပြား သလောက် ခရမ်းချဉ်သီးပေါ်ချိန်တွင် ဝယ်လက်များထံမှ ဈေး ကောင်းမရရှိသည့်အတွက် အရှုံးပေါ် လျက် ရှိေ ကြာင်း ဒေသခံ ခရမ်းစိုက်တောင်သူတစ်ဦး၏  ပြောကြားချက်အရ သိရှိရ သည်။ယခုနှစ်ဆောင်းရာသီတွင် ခရမ်းချဉ်ဈေးကွက်၏ရာသီ ပေါ်ဈေးနှုန်းအဖွင့်မှာတစ်ပိသာလျှင် ငွေကျပ်၂၀၀၀ဖြစ်သော် လည်း ဈေးကောင်းချိန်၌  အသီးကောက်၍ အမီရောင်းချနိုင်သူ တောင်သူအနည်းငယ်ခန့်သာရှိခဲ့ရာ အဝင်နည်း၍ ဈေးကောင်း ရခြင်းဖြစ်ကြောင်း မုံရွာအဝယ်ဒိုင်မှ သိရှိရပါ သည်။နှစ်ဆန်း ပြီး နောက်ပိုင်းရက်များတွင် ခရမ်းချဉ်သီးဈေးကွက်သည် တစ်နေ့တစ်

admin_ygn

ဖေဖော်ဝါရီ လကုန်ပတ်အတွင်း ပြည်ပဲဈေးကွက်သို့ အခြားဆောင်းပဲ သစ်များ အဝင်များလာပေမယ့် ပဲပုပ်သီးနှံ အဝင်ပါးလာခဲ့လို့ လက်လီသာ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ပြည်ခရိုင်အတွင်း ပဲပုပ်သီးနှံစိုက်ပျိုးထွက် ရှိမှုမှာ  အခြားပဲများကဲ့သို့ မများဘဲ စိုက်ဧက ထောင်ဂဏန်းမျှသာ စိုက်ပျိုးခဲ့ ကာ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်တို့မှာ  စိုက်ပျိုးလျက်ရှိတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ပဲပုပ်သီးနှံဟာ ပဲပေါ်ချိန်ကာလအထွက်လှိုင်ချိန် လောက်သာ လက်လီလက်ကား အရောင်းအဝယ်ဖြစ်နေပေမယ့် ကျန်ကာ လများတွင် လက်လီသမား ပုံမှန်ဝယ်ယူမှုအပေါ် အိတ်အနည်းငယ်ရောင်းချ နိုင်ခဲ့ကြပါတယ်။  ပဲဈေးမှာ တစ်တင်းကျပ် ၂၂၅၀၀ ဖြင့် ဈေးအတက်အကျ သ

admin_ygn

        မြစ်ကြီးနားမှ ထွက်ခွာလာသည့် Honda Oddesey (အဖြူရောင်) ယာဉ်အမှတ် MON 6D xxxx နှင့် Oddesey (အဖြူရောင်)ယာဉ်အမှတ် YGN 2J /xxxx   တို့ကို ကန်ပိုက် တီစခန်းတွင် OSS အဖွဲ့မှ တားဆီးရှာဖွေစ စ်ဆေးခဲ့ရာ ကားဝမ်းဗိုက်အတွင်း မီးသွေးအိတ်များဖြင့် ဖုံးအုပ်သယ် ဆောင် လာသော ကျောက်စိမ်းဟု ယူဆရသည့် ကျောက်တုံးများကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ပစ္စည်းနှင့်မော်တော် ယာဉ်ကို သိမ်းဆည်းခဲ့ပါသည်။ အဆိုပါ သိမ်းဆည်း ရမိ ကျောက်စိမ်းတုံးများမှာ ကျောက်တုံးကြီးသေးရောရာ ၁၀၅ တုံးနှင့် ကျောက်စိမ်း တုံးကြီးရောရာ ၂၈၃ တုံးဖြစ်ပါသည်။

admin_ygn

        ဖေဖော်ဝါရီ ၄ ရက်မှ ၁၀ ရက် အထိ ရက်သတ္တပတ်အတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ် ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၉၂၅၂ တန်ဖိုးရှိ လက်ဖက်ခြောက် ၇၅ တန်နီးပါးကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ ပါတယ်။ ယခင်ရက်သတ္တပတ်က တာချီလိတ်မှ လက်ဖက်ခြောက် တင်ပို့ခဲ့ခြင်းမရှိဘဲ မူဆယ်မှတစ်ဆင့် တရုတ် နိုင်ငံသို့ လက်ဖက်ခြောက် ၁၆ တန်ခွဲ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ စက်ရုံများမှ ထုတ်လုပ်တဲ့ လက်ဖက်ခြောက်မှာ မိရိုးဖလာန ည်းနဲ့ ထုတ်လုပ်တဲ့ လက်ဖက်ခြောက်ထက်အနံ့၊ အရသာကွာခြားသည့်အပြင် သန့်ရှင်း သပ်ရပ်မှု ပိုမိုကောင်းမွန်တာကြောင့် ကျန်းမာရေးနဲ့လည်း ကိုက်ညီပြီး ပြည်ပသို့ တင်ပို့နိုင်သည်

admin_ygn

        မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန် သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီ ၄ ရက်မှ ၁၀ ရက်အထိ သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၉ သန်း တန်ဖိုးရှိ ကွမ်းသီး ၆၃၂ တန် တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က တန်ချိန် ၅၉၀ တင်ပို့ခဲ့ တာမို့ ယခုတစ်ပတ်မှာ ၄၂ တန်ပိုမို တင်ပို့နိုင်တာတွေ့ရပါတယ်။ ယင်းသို့ ပိုမိုရခြင်းမှာ ယခင်တစ်ပတ်က တင်ပို့ နိုင်ခြင်းမရှိတဲ့ တမူးကုန်သွယ်ရေး စခန်း မှ ကွမ်းသီး ပြန်လည်တင်ပို့လာခြင်း ကြောင့် ဖြစ် တယ်လို့ သိရပါတယ်။