admin_ygn

မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေး စခန်းမှတစ်ဆင့် မတ် ၁၁ ရက်မှ ၁၇ ရက်အထိ ရက်သတ္တ ပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၂၉၆၀ တန်ဖိုးရှိ ကော်ဖီစေ့ ၁၇ တန်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က ခြောက်တန်ခွဲသာ တင်ပို့ခဲ့လို့ ယခုတစ်ပတ် တာချီလိတ်မှ ကော်ဖီစေ့ ၁၀ တန်ခွဲ ပိုမိုတင်ပို့ခဲ့တာ တွေ့ရ ပါတယ်။၂၀၁၆ ခုနှစ်အတွင်း အမေရိကန်နိုင်ငံက မြန်မာနိုင်ငံမှထွက်ရှိတဲ့ အထူး တန်းဝင်ကော်ဖီတန်ချိန် ၃၆ တန်ဝယ်ယူခဲ့ပြီး၊ ပြည်ပဈေးကွက်အနေဖြင့် ဂျပန်၊ တရုတ်(တိုင်ပေ)၊ ဥရောပနိုင်ငံများ၊ ဆွစ်ဇာလန်နဲ့ အာရှနိုင်ငံများသို့ တင်ပို့နိုင် ခဲ့ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရပါတယ်။     &

admin_ygn

    မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ ဖေဖော် ဝါရီ ၂၅ ရက်မှ မတ်လ ၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၀၇၉ သန်း တန်ဖိုးရှိ ရေချို ငါးမြစ်ချင်းတန် ၇၀ ခန့် တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က ရေချိုငါးမြစ် ချင်းကို တင်ပို့နိုင်ခြင်းမရှိဘဲ ယခုတစ် ပတ်မှသာ ပြန်လည်တင်ပို့နိုင်တာ တွေ့ ရပါတယ်။ စစ်တွေကုန်သွယ်ရေးစခန်း မှ ရေချိုငါးမြစ်ချင်းအပြင် အမေရိကန် ဒေါ်လာ သုညဒသမ ၀၅၀ သန်း တန်ဖိုးရှိ ငါးစုံလေးခြောက်၊  မန်ကျည်း စေ့၊ ဆီးယိုထုတ်၊ သစ်ခေါက်၊ ချင်းစို၊ ဆီးခြောက်နဲ့ ဆီးဖတ်တို့ကို တန် ၃၈၀ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ဖြစ်တဲ့ မောင်

admin_ygn

ဒီနှစ်ကချင်းစိုတွေဈေးမရတဲ့နှစ်ဖြစ်ပါတယ်။ ပုံမှန်စိုက်ဧကရှိပြီး ပုံမှန် အထွက်ရှိနေပေမယ့် အရင်နှစ်တွေထက်စာရင် အစိုအတိုင်းရောင်းချမှု နည်းပါ တယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာချင်းစိုက အဝင်နည်းလာပါတယ်။ တစ် ရက်ကို ပိဿာချိန် ရာဂဏန်းခန့်သာအဝင်ရှိတော့တယ်လို့ သိရပါတယ်။ ချင်း(စို)ကို နှစ်စဉ်ပုံမှန်ဝယ်ယူနေကျ ဖောက်သည်အချို့နဲ့ လက်လီသမားတွေသာ အဝယ် ရှိနေတာကြောင့် ခြံရှင်တွေကလည်းပြုတ်ခြောက်အဖြစ်သာ ပြုလုပ်ကြတော့တယ်လို့ သိရပါတယ်။ တပ်ကုန်းဝယ်လက်တွေကတော့ အဝယ်ရပ်သွားပါတယ်။ ထိုးချင်း တွေ ပြုလုပ်ဖို့အတွက် ရန်ကုန်၊ ပြည်၊ မုံရွာက ဖောက်သည်တွေသာ အဝယ်ရှိတော့ တယ်လို့လည်း သိရပါတယ်။

admin_ygn

ဗီယက်နမ်နိုင်ငံသည် ၂၀၁၇ ခုနှစ် အတွက် အဓိကပင်လယ်စာပို့ကုန် နှစ်မျိုး အဖြစ် ပုဇွန်နှင့် ငါးခူအား သတ်မှတ်ထား ကြောင်း ဗီယက်နမ်နိုင်ငံ၊ လယ်ယာစိုက်ပျိုး ရေးနှင့် ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာန၏ ပြောကြား ချက် ကို ဆင်ဟွာသတင်း ဌာန၏ ဖော်ပြချက်အရ သိရှိရသည်။

admin_ygn

ဖေဖော်ဝါရီလ ၂၅ ရက်မှ မတ်လ ၃ ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေးစခန်းများနဲ့ ကုန်သွယ်ရေးဇုန်များမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၂၃ သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၁၂၁၆၁ စီးကိုတင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၁၉၀၂ စီး တင်သွင်းခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၅၉စီး ပိုမို တင်သွင်းနိုင်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ ကန်ပိုက်တီကုန်သွယ် ရေးစခန်းများမှ ဆိုင်ကယ်တင်သွင်းမှုမရှိသော်လည်း မူဆယ်ကုန်သွယ်ရေးဇုန်မှ ပိုမို တင်သွင်းခဲ့တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

admin_ygn

မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီလ ၂၅ ရက်မှ မတ်လ ၃ ရက်အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ ၆ ဒသမ ၀၉၅ သန်းတန်ဖိုးရှိ ရေထွက်ကုန်မျိုးစုံ ၅၉၄၇ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၆၃၄၂ တန်တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၃၉၅ တန်လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုကဲ့သို့ တင်ပို့မှုလျော့နည်းခဲ့ရခြင်းမှာ မြိတ်ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်ပစ္စည်း များ ပိုမိုတင်ပို့နိုင်သော်လည်း မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်းကုန် သွယ်ရေးစခန်းများမှ ရေထွက်ကုန်များ တင်ပို့မှု လျော့နည်းခဲ့တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

admin_ygn

ရှမ်းပြည်နယ်အစိုးရက ၂၀၁၆ ခုနှစ်၊ သြဂုတ်မှစ၍  တရားမဝင် ကုန် သွယ်မှု လျော့နည်းကျဆင်းရေးနှင့် ရသင့် ရထိုက်သော အခွန်ငွေများ အပြည့်အဝရရှိရေးအတွက် ရှမ်းပြည် နယ် (အရှေ့ပိုင်း) ရှိနယ်စပ်ဝင်ပေါက် များ ကြီးကြပ်ရေး ပြည်နယ်ကိုယ်စား လှယ်ကို ခန့်အပ်တာဝန်ပေးဆောင်ရွက် ခဲ့ပြီးနောက် တာချီလိတ် ကုန်သွယ် ရေးစခန်းမှ ဝက်အရှင် အကောင်ရေ ၅၈၈၀၀ ကို ပို့ကုန်သွင်းကုန် လိုင်စင် ထုတ်ပေးနိုင်ခဲ့ပြီး ကုန်သွယ်မှုတန်ဖိုး ကျပ်၁၁၅၂ ဒသမ ၁၁ သန်းကျော် တိုးတက်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရ သည်။

admin_ygn

ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မစိမ်းကျေး ရွာနဲ့ တယ်ပင် (၃) ကျေးရွာတို့မှာအုန်းသီး၊ ကွမ်းသီး များ ဈေးကောင်းရလျက်ရှိပြီး  ဈေးဆက်လက် မြင့်တက်လာနိုင်ကြောင်း အုန်းသီး၊ ကွမ်းသီး ရောင်းဝယ်သူ တစ်ဦး က ပြောကြား ခဲ့ပါတယ်။
ယခင်က မစိမ်းကျေးရွာမှာ အုန်းသီးအလုံး လိုက် လုပ်ကိုင်ခြင်းမျိုးမရှိဘဲ အုန်းသားခြောက် လုပ်ငန်းနဲ့ အုန်းမှုတ်ခွက် မီးသွေးလုပ်ငန်းကိုသာ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ခဲ့ကြပါတယ်။ ယခု အခါမှာတော့ မစိမ်းကျေးရွာမှာ အုန်းသီး၊ကွမ်းသီး များကို အခွံခွာသူ၊ အိတ်သွပ်သူများအပြင် အုန်းသီးအလုံးလိုက် ရောင်းဝယ်နေသူများကိုပါ နေ့စဉ် မြင်တွေ့နေရပါတယ်။

admin_ygn

ဖေဖော်ဝါရီ ၁၉ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း မန်ကျည်း ၇၉၆ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ် ပတ်မှာတော့ ပါကစ္စတန်နိုင်ငံသို့ ၅၉၈ တန်၊ စင်ကာပူနိုင်ငံသို့ ၂၃ ဒသမ ၅ တန် ထိုင်းနိုင်ငံသို့ တန်ချိန် ၁၀၀ နဲ့ ဗီယက်နမ်နိုင်ငံသို့ ၇၅ တန် တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့ တန်ချိန် ၂၇၅တန်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၅၂၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်   မန်ကျည်း တင်ပို့မှုမှ ကန်ဒေါ်လာ ၂၅၇၇၀၆ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။
သီတာဝင်း(DOT)