admin_ygn

       မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော် ဝါရီ ၄ ရက်မှ ၁၀ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၂၃၉ သန်း တန်ဖိုးရှိ Re-export သကြား ၅၂၈၉၇ တန်ကျော် တင် ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၃၉၉၈၄ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ သကြား ၁၂၉၁၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်မှ ယခင်တစ်ပတ်က သကြားတင်ပို့ခြင်း မရှိ ဘဲ ယခုတစ်ပတ်မှာတော့ အမေရိကန် ဒေါ်လာ သုညဒသမ ၀၃၄ သန်းတန်ဖိုး ရှိ သကြားဖြူ ၅၂ တန်ခွဲ တင်ပို့ခဲ့တာ တွေ့ရပါတယ်။

admin_ygn

        မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော် ဝါရီ ၄  ရက်မှ ၁၀ ရက်အတွင်း အမေရိကန်ဒေါ်လာ ၃၅၂၀၀၀ တန်ဖိုးရှိ ငွေချည်-၆ ဝါဂွမ်း တန် ၁၆၀ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၂၀၂ တန်ခွဲ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝါ ၄၂ တန်ခွဲ လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ တရုတ်နိုင်ငံက ယခုလို ပုံမှန်ဝယ်ယူတာကြောင့် ဝါစိုက်တောင်သူတွေအတွက် အခြေအနေကောင်းလာ တာလို့ တံတားဦးမြို့မှ ဝါစိုက်တောင်သူတစ်ဦးက ပြောပါတယ်။ ငွေချည်-၆-ဝါ တစ်တန်ကို လိုင်စင်ဈေး အမေရိကန်ဒေါ်လာ ၂၂၀၀ ရှိပါတယ်။

 

admin_ygn

          မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဖေဖော် ဝါရီ ၄ ရက်မှ ၁၀ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၂၄၇၀ တန်ဖိုးရှိ ပျားရည် ၃၂ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်း ပတ် က တရုတ်နိုင်ငံသို့ ပျားရည်တင်ပို့မှုမရှိဘဲ ယခုတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပျားရည်ကို ပြည်တွင်းမှာ ဆေးဝါးအဖြစ်သာ အသုံးပြုကြပြီး ပြည်ပနိုင်ငံ တွေမှာတော့ ပျားရည်ကို သကြားအစား အသုံးပြုခြင်းနဲ့ အေ အးပိုင်းနိုင်ငံတွေမှာ အများအပြား သုံးစွဲနေကြတာကြောင့် ယခုလို ပြည်ပဈေးကွက်သို့ တင်ပို့နေရ တာ ဖြစ်ပါတယ်။ ပျားရည်တစ်တန်ကို လိုင်စင်ဈေး အမေရိကန်ဒေါ်

admin_ygn

         ဖေဖော်ဝါရီ ၄ ရက်မှ ၁၀ ရက် အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ သုညဒသမ ၅၇၁ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် ၁၅ မျိုး၊ တန် ချိန် အားဖြင့် ၆၈၉ တန်aကျာ်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၄၆၉ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ် မူဆယ်မှပရဆေး တန် ၂၀၀ ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးအမယ်များမှာ ကွမ်း သီး ခွံ၊ မိကျောင်း ကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကြောင်ပန်း စေ့၊ ကြောင်လျှာစေ့၊ မာလာဥ၊ မာလာ ဥခေါင်း၊ မုတ်ခါး၊ နနွင်းတက်၊ တော ချင်း၊ တောဂျူးမြစ်၊ ဆီးဆန်၊ ဆေး မြင်းခွာ၊ ဒ

admin_ygn

          မုံရွာမှထွက်ရှိသော ပဲစင်းငုံနီများကို ရန်ကုန်ဝယ်လက်သို့ တင်ပို့ လျက်ရှိသဖြင့် မုံရွာ-ရန်ကုန် ကုန်စည်ပို့ဆောင်ခ  အနည်းငယ်တက်လာ ကြောင်း မုံရွာမြို့ရှိ ကုန်စည်ပို့ဆောင်ရေးအသင်းထံမှ သိရှိရပါတယ်။ ဒီဇင်ဘာ၊ ဇန်န ဝါရီလများတွင် မုံရွာ-ရန်ကုန် ကုန်စည်ပို့ဆောင်ခမှာ တစ်ပိဿာလျှင် ၃၇ ကျပ်မှ ၃၈ ကျပ်မျှသာရှိခဲ့ရာမှ ဖေဖော်ဝါရီပထမပတ်မှစ၍ ကုန်စည်ပို့ဆောင်ခမှာ တစ်ပိဿာလျှင်ကျပ် ၄၀ မှ ၄၂ကျပ်အထိ ရောက်ရှိခဲ့ တယ်လို့ သိရပါတယ်။ ယခုအခါ ရန်ကုန်သို့ ပဲစင်းငုံနှင့် ပဲမျိုးစုံတစ်နေ့လျှင် အိတ်ရေ ၃၀၀၀ ကျော်ခန့် ပုံမှန်တင်ပို့နေတယ်လို့ ကုန်သည်တစ်ဦးကလည်း ပြောပြပါတယ်

admin_ygn

        ဖေဖော်ဝါရီ ၅ ရက်မှ ၁၁ ရက်အထိသီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၁၀၁၃၇၉၉ တန်ဖိုးရှိ ဒီဇယ်၄၄၄၄၂ဒသမ ၄၉၂ တန်နဲ့ ကန်ဒေါ်လာ၆၇၇၅၅၈၀ တန်ဖိုးရှိ ဓာတ်ဆီ ၁၂၆၄၄ ဒသမ ၀၆၇ တန်၊ စုစုပေါင်း ၅၇၀၈၆ ဒသ မ ၅၅၉ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်တင်သွင်းတန်ချိန် ၇၉၀၀၀ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၃၄၆၀၀ ကျော်အဝင် လျော့ခဲ့ပြီး ယခင်သီတင်းပတ်ဓာတ်ဆီ တင်သွင်း တန်ချိန် ၁၂၅၀၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဓာတ်ဆီတန်ချိန်၁၄၀ကျော် အဝင်ပိုခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီအဝင်ပိုပြီး ဒီဇယ်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်စခန်းများဖြစ်တဲ့ လွယ်ဂျယ်ကု

admin_ygn

        ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှဖေဖော်ဝါရီ ၅ရက်မှ ၁၁ရက်အထိ သီတင်းပတ်အတွင်း နနွင်း၁၆၇ဒသမ၉၉တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် နနွင်း (ရှမ်းစ) ၆၁တန်ကို စင်ကာပူနိုင်ငံသို့လည်းကောင်း၊ နနွင်း ၃၁ ဒသ မ  ၉၉ တန်ကို ယူအေအီးနိုင်ငံသို့လည်းကောင်း၊ နနွင်း(ရှမ်းစ)၇၅တန်ကို မလေးရှားနိုင်ငံသို့လည်း ကောင်းတင်ပို့ခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့တန်ချိန် ၁၃၀ကျော်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၃၀ကျော်ပိုမို တင် ပို့ ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီတတိယ သီတင်းပတ်မှစပြီးတင်ပို့ခဲ့တဲ့နနွင်းက ဒီတစ်ပတ်အထိ ဆက်တိုက် တင်ပို့နေတယ်လို့ သိရပါတယ်။ နနွင်းတစ်တန်ကို ပျမ်းမ

admin_ygn

       ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ရက်အထိ သီတင်းပတ်အတွင်း ကန် ဒေါ်လာ ၁၁၁၀၉၂၅တန်ဖိုးရှိ ဘိလပ်မြေ ၁၅၉၃၆ဒသမ ၆၅၅တန်ကို  ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တရုတ်နို င်ငံမှ ၂၂၄ တန်၊ မလေးရှားနိုင်ငံမှ ၈၀၂၅ တန်၊ ထိုင်းနိုင်ငံမှ ၇၆၈၇ဒသမ ၆၅၅ တန်ကိုတင် သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ တန်ချိန် ၅၀နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၁၅၀၀၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း(DOT)

admin_ygn

       မြန်မာ-တရုတ်နယ်စပ်ရှိကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၄၉ ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဆန် ၂၅၈၈၇ တန်ကျော် တင်ပို့ခဲ့ရာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန်တန် ၄၀၀၊ ဧည့်မထဆန် ၁၆၅၄၇ တန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၃၉၂ တန်ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၈၅၄၈တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ဆန် ၃၃၃၇၇တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်ချိန် ၇၄၉၀ လျော့နည်းခဲ့ပါတယ်။ ဇန်နဝါရီလတစ်လလုံးမှာ အမေ ရိကန်ဒေါ်လာ ၄၉ ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၅၁၇၈၇ တန်ကျော်  တင

admin_ygn

       တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ ဝယ်လက်များကြောင့် လျှော်ဖြူစေး (ဆေး ကုလားမ)ဈေးမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာကြောင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာမှ ကုန်သည်ဦးသိန်းဇော်က ပြောကြားခဲ့ပါတယ်။ ဒေသ တွင်း လျှော်ဖြူတစ်ပိဿာပေါက်ဈေးမှာ (A) အဆင့် (အဖြူမှန် ကြည်) ကျပ် ၃၅၀၀၀၊ ကျပ် ၄၀၀၀၀၊ (B) အဆင့် ကြက်သွေးရောင်ကျပ် ၂၅၀၀၀၊ ကျပ် ၃၀၀၀၀၊ (C) အဆင့် (အနောက်) ကျပ် ၁၅၀၀၀၊ ကျပ် ၂၀၀၀၀ ဈေးအသီး သီးရှိပြီး ယခင်နှစ်ထက် တစ်ပိဿာ ကျပ် ၁၅၀၀၀ ခန့် ဈေးမြင့်တက်ခဲ့ပါတယ်။